MT News
Written by Thettant
ပြည်တွင်းပြည်ပအဖွဲ့အစည်းများ NUG ထိန်းချုပ်နယ်မြေတွင် ဖြတ်သန်းသွားလာမည်ဆိုပါက ကြိုတင်အသိပေးရမည်ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနက ယနေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။
နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် NUG နှင့် လက်တွဲ၍ ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းအပ်ကြောင်းလည်း အဆိုပါ ညွှန်ကြားချက်နှင့် အကူအညီတောင်းခံထားသည်။
အကူအညီလိုအပ်နေသော ပြည်သူလူထုထံသို့ လူသားချင်းစာနာကူညီပေးမှုများ ထိထိရောက်ရောက် ပံ့ပိုးနိုင်ရန်၊ ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရန်နှင့် တော်လှန်ရေးကာလဖြစ်သည့်အတွက် လုံခြုံရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် အလို့ငှာ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့စည်းများအနေဖြင့် NUG ၏ ထိန်းချုပ်နယ်မြေများအတွင်း စစ်တမ်းကောက်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်းနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် NUG ၏ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ကြိုတင်အသိပေးအကြောင်းကြားပြီးမှသာ ဆောင်ရွက်သွားရန် လေးနက်စွာ အသိပေးကြောင်းနှင့် [email protected] သို့ ဆက်သွယ်ရန်လည်း NUG က ပြောသည်။