၇.၃.၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သေနတ်ပစ်ခံရရာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူတစ်ဦး သေဆုံးခဲ့သည်ဟု သိရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News သို့ ပြောခဲ့သည်။
အဆိုပါ ဖြစ်စဉ်မှာ သာကေတမြို့နယ်၊ (ဏ) ရပ်ကွက်၊ ဧရာဝဏ်လမ်းတွင် မတ်လ ၁၇ ရက် မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နှင့် PDF များက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကနဦး သိရသည်။
“သူတို့ (ရဲတပ်ဖွဲ့ဝင် ၂ ယောက်) က ကွန်ပြူတာဆိုင်မှာ မိတ္တူကူးနေတာ ထင်တယ်။ အဲ့ဒီမှာ PDF နှစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်တာ။ ၁၂ ချက်လောက် ရှိတယ်လို့ သိရတယ်။ အဲ့ဒီမှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်နဲ့ အမျိုးသား တစ်ယောက် သေဆုံးသွားတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။
အဆိုပါဖြစ်စဉ်တွင် ကျန်ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း သေနတ်ဒဏ်ရာရခဲ့ပြီး မည်သည့်နေရာတွင် ဒဏ်ရာရခဲ့ကြောင်းနှင့် အခြေအနေကို မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။