၁၇.၃.၂၀၂၃
Written by Nyein Kyaw
မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အိမ်ခြေမဲ့တစ်ဦး ရေမြောင်းထဲသို့ ခေါင်းစိုက်၍ ဦးခေါင်းပိုင်းခန္ဓာကိုယ်တစ်ဝက်ခန့် ရေထဲနစ်နေကာ သေဆုံးခဲ့ကြောင်း သိရသည်။
“အသက်က ၄၅ နှစ်ပေါ့။ ဒီနားကတော့ မဟုတ်ဘူး။ သန်လျင်ကလို့ကြားတယ်။ အရင်ကဒီနားမှာ ဆိုက္ကားနင်းတယ်။ လမ်းဘေးနေပေါ့။ အခုဆေးရုံရောက်သွားပြီ။ သေတာကတော့ မြောင်းထဲပြုတ်ကျတာ” ဟု မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ မတ်လ ၁၆ ရက် ည ၁၀ နာရီကျော်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်၊ ရေတွင်းကုန်း ရပ်ကွက် ၁၂၂ လမ်းနှင့် အာသာလမ်းထောင့်ရှိ ရေမြောင်းအုတ်ခုံကြားထဲရှိ ရေမြောင်းထဲသို့ အိမ်ခြေမဲ့အမျိုးသားတစ်ယောက် ဦးခေါင်းစိုက်နေပြီး ခြေထောက်နှစ်ချောင်းအပေါ်ထောင်လျက်အနေအထားဖြင့် ဦးခေါင်းပိုင်းခန္ဒာကိုယ်တဝက်ခန့်ရေထဲတွင်နစ်မြုပ်ကာ သေဆုံးနေခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့ သတင်းပေးချိတ်ဆက်၍ မှတ်တမ်းရယူပြီး မင်္ဂလာတောင်ညွန့်လှုမှုကူညီအသင်းမှ သေဆုံးသူ ကတုံး (ခ) BE အား ရန်ကု.န်ဆေးရုံကြီးသို့ ပို့ဆောင်၍ အပ်နှံခဲ့ကြောင်း သိရသည်။