MT News
Written by Thettant
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ လဝကရုံးအား PDF များက မီးရှို့ဖျက်ဆီးခဲ့ပြီး ကွန်ပျုတာတစ်လုံးပါ သိမ်းယူလာကြောင်း ဥဩစစ်ကြောင်း(ထားဝယ်) က သတင်းထုတ်ပြန်သည်။
ထိုဖျက်ဆီးမှုကို မတ်လ ၁၅ရက် ည ၇ နာရီအချိန်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)၊DGRF(ထားဝယ်-ပကဖ)နှင့် DNLA တပ်ခွဲ (၂) တို့မှ ဝင်ရောက်စီးနင်းခဲ့ကာ ရေဖြူလဝကရုံးအား ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ထိုရုံးအား ၀င်ရောက်စီးနင်းစဉ် ရွေးကောက်ပွဲအတွက် ကောက်ခံနေသော အချက်အလက်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ကွန်ပျူတာတစ်လုံးအား သိမ်းဆည်းရမိခဲ့သည့်အပြင် အထက်ပါရုံးအား ၀င်ရောက်စီးနင်းစဉ် လခရများမှ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း အထိအခိုက်မရှိဟုလည်း ဥဩစစ်ကြောင်းက အသိပေးသည်။