MT News
Written by Ye Kyaw
ဗဟိုဘဏ်၏ အမိန့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် Myanmar National Airline (MNA) အပါအဝင် ကုမ္ပဏီ ၂၀ မှ လုပ်ကိုင်နေသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ရုပ်သိမ်းလိုက်ကြောင်း မတ်လ ၁၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြေညာထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် ကုမ္ပဏီ ၂၀ သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ဒါရိုက်တာအဖွဲ့ အစည်းအဝေးအမှတ် (၁/၂၀၂၃) ဆုံဖြတ်ချက်အရ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၄ ရက်မှစ၍ ရုပ်သိမ်းလိုက်ကြောင်း ကြေညာထားသည်။
Money Changer License ရုပ်သိမ်းခံရသည့် ကုမ္ပဏီများမှာ Oake Khaung Travels & Tours Co.,Ltd၊ Senjo Royal Myanmar Co.,Ltd၊ Dawei Popular Co.,Ltd၊ Zam Myo Co.,Ltd၊ Phyo Thet (PT) Co.,Ltd၊ Sky Bound Co.,Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co.,Ltd၊ Won Won Co.,Ltd၊ United Eleven Co.,Ltd၊ Tun Yama Co.,Ltd၊ Myanmar Alinkar Hotel Group Co.,Ltd၊ Cartel Co.,Ltd၊ Super Phoneix Co.,Ltd၊ Golden Falcon Shipping Co.,Ltd၊ Fairness Travels & Tours Co.,Ltd၊ Yadanar Bon Travels & Tours Co.,Ltd၊ Myanmar National Airline Co.,Ltd၊ Dewant Financial Loan Microfinance Co.,Ltd၊ Treasure Su Co.,Ltd တို့ဖြစ်သည်။