MT News
တင်ဆက်/ တည်းဖြတ် ပန်းအိ၊ ဟေမာ
Netflix ကနေ ဒီလအတွင်းမှာ ထုတ်လွှင့်တော့မဲ့ “The Magician’s Elephant” ဟာ ကလေးရော လူကြီးပါ အကြိုက်တွေ့စေမှာဖြစ်ပြီး ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Kate DiCamillo ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
“The Magician’s Elephant” ဟာ ကာတွန်း၊ စိတ်ကူးယဉ်၊ စွန့်စားခန်းတွေပါတဲ့ ရုပ်ရှင်ဇာတ်လမ်း အမျိုးအစားဖြစ်ကာ Martin Hynes က ဇာတ်ညွှန်းကို ရေးသားပေးထားပြီး ဒါရိုက်တာ Wendy Rogers က ရိုက်ကူးဖန်တီးပေးထားပါတယ်။
အသံသရုပ်ဆောင်တွေအနေနဲ့ ပီတာအဖြစ် Noah Jupe၊ မျက်လှည့်ဆရာအဖြစ် Benedict Wong၊ အဒဲလ်အဖြစ် Pixie Davies တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဒီဇာတ်လမ်းထဲမှာ မိဘမဲ့ကောင်လေးတစ်ယောက်ဖြစ်တဲ့ ပီတာဟာ သူ့ရဲ့ ပျောက်ဆုံးနေတဲ့ညီမဖြစ်သူကို ရှာဖို့ကြိုးစားနေပြီး ရှေးဖြစ်ဟောတဲ့အမျိုးသမီးတစ်ဦးက မျက်လှည့်ဆရာတစ်ယောက်ရဲ့ ဆင်နဲ့အတူ ရှာဖွေဖို့ ပြောခဲ့ပါတယ်။
ပီတာဟာ မျက်လှည့်ဆရာရဲ့ ဆင်ကို ရရှိဖို့ ဘုရင်စေခိုင်းတဲ့ ခက်ခဲတဲ့ စိန်ခေါ်မှုသုံးခုကို လုပ်ဆောင်ရတဲ့အခါ အောင်မြင်သွားနိုင်မလား ဆိုတာတွေနဲ့ ပီတာနဲ့ ညီမဖြစ်သူတို့ရော ပြန်လည်ဆုံစည်းနိုင်ကြမလား ဆိုတာတွေကို ကြည့်ရှုနိုင်ဖို့ Netflix ကနေ မတ်လ ၁၇ ရက်မှာ ထုတ်လွှင့်တော့မဲ့ “The Magician’s Elephant” ကို MT News ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။