◾️အမျိုးသမီးတို့၏ လျှို့ဝှက်အပ်သောအရာများကို ဖော်ပြမှသာ အမှန်တကယ် လစ်ဘရယ်ဝါဒဖြစ်မည်လော
၁၀.၃.၂၀၂၃
Translated by Htwe Ko Tun
အမျိုးသမီးတစ်ဦးက ရေကူးကန်များတွင် ရေကူးရာ၌ ၎င်းတို့ကိုလည်း ခွဲခြားဆက်ဆံမှုမပြုဘဲ အမျိုးသားများကဲ့သို့ပင် တစ်ညီတည်းဆက်ဆံသင့်ကြောင်း တောင်းဆိုပြောကြားချက်တစ်ခုပြုခဲ့ပြီးနောက် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ အများပြည်သူရေကူးကန်များသို့ အမျိုးသမီးများ လာရောက်ရေကူးရာ၌ အမျိုးသားများကဲ့သို့ အပေါ်ပိုင်းဗလာကျင်း၍ ရေကူးခြင်းကိုခွင့်ပြုကြောင်း ပြည်ထောင်စုအစိုးရက မတ်လ ၉ ရက်တွင် ကြေညာခဲ့သည်။
ဘာလင်မြို့အတွင်း ရေကူးကန်တစ်ခုသို့သွားရာ၌ အပေါ်ပိုင်းဘာမှဝတ်မထားဘဲ ရေကူးခြင်းအား ခွင့်မပြုခဲ့မှုအပေါ် အမျိုးသားများနှင့် ခွဲခြားဆက်ဆံမှုအဖြစ် အမျိုးသမီးတစ်ဦးက မကျေမနပ်ပြောကြားခဲ့ပြီးနောက် အဆိုပါကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုအမျိုးသမီးက ဂျာမန်အထက်လွှတ်တော်၏ တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးရသည့်ပုဂ္ဂိုလ်ထံသို့ အမျိုးသမီးများကိုလည်း အမျိုးသားများကဲ့သို့ အပေါ်ပိုင်းဗလာကျင်း၍ ရေကူးခွင့်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အသားအရောင်၊အဆင့်အတန်းခွဲခြားမှုဆန့်ကျင်ရေး အထက်လွှတ်တော်ဌာနက ပြောခဲ့သည်။
အဆိုပါကြေညာချက်ထုတ်အပြီး အများပြည်သူရေကူးကန်များကို စီမံခန့်ခွဲသော Berliner Baederbetriebe ကုမ္ပဏီက ၎င်း၏အဝတ်အစားစည်းမျဉ်းများကို ပြောင်းလဲရန်ဆုံးဖြတ်ခဲ့သည်။ အတိတ်ကာလကဆိုလျှင် ဘာလင်မြို့ရှိ ရေကူးကန်များ၌ ရင်သားများဗလာကျင်းလာသည့် အမျိုးသမီးများအား ၎င်းတို့ကိုဖုံးကွယ်မည်လော (သို့မဟုတ်) ရေကူးကန်မှပြန်ထွက်သွားမည်လော မေးမြန်းခံခဲ့ကြရသည်။ တစ်ခါတစ်ရံ နောင်လာရောက်၍ ရေကူးခြင်းမပြုတော့ရန်အထိ ပိတ်ပင်အရေးယူခံကြရတတ်သည်။
သို့ရာတွင် ယခုကဲ့သို အမျိုးသားများနှင့် ခွဲခြားဆက်ဆံမှုမပြုရေး အကြောင်းပြကာ အမျိုးသမီးတို့အတွက် လျှို့ဝှက်အပ်သည့်အရာများကို ဖော်ပြထားခွင့်ကဲ့သို့ တောင်းဆိုမှုများက အမှန်တကယ် လစ်ဘရယ်မူဝါဒဟု ဆိုနိုင်ပါမည်လော အငြင်းပွားဖွယ်ရှိနေပေသည်။
Ref—-Dailymail.uk