၁၀.၃. ၂၀၂၃
Written By Thandar
ခန္ဓာကိုယ်ဟန်ပန်အမူအယာကြောင့် တစ်ချိန်က ပရိသတ်အားပေးမူ အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ရာဇာနေဝင်းဟာ အသက်ကလည်းကြီးပြီဆိုတော့ ရည်းစားထားလို့တော့ မရတော့ဘဲ သမီးလေးတွေပဲ ငါးယောက်ရှာထားပြီး မုန့်ဖိုးပေးထားရတယ်လို့ စိန်နန်းတော် Promotion Photo Shooting မှာ ဖွင့်ဟလာပါတယ်။
“အရင်ပုံစံအတိုင်းမဟုတ်တော့ဘူး။ အရင်ပုံစံအတိုင်း ဖြစ်အောင်တော့ ကိုယ့်ကိုယ်ကိုယ့်တော့ ကြိုးစားရတာပေါ့။ ဒီနေ့ဆိုရင် စက်ဘီးမစီးဘူး။ အလုပ်လုပ်ရမယ်ဆိုရင် စက်ဘီးစီးလို့ မရဘူး။ Attention တစ်ခုရှိရင် စက်ဘီးစီးလို့မရဘူးလေ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ့် ကြည့်ကောင်းအောင် Day to Day ပြေးတယ်။ ပြေးပြီးမှ လာရိုက်တာပါ”လို့ သရုပ်ဆောင် ရာဇာနေဝင်းက ပြောပါတယ်။
စိန်နန်းတော် စိန်ဆိုင် ပရိုမိုရှင်း Photo Shooting ကို သရုပ်ဆောင် ရာဇာနေဝင်းနဲ့ ဇင်ဇင်ဇော်မြင့်တို့နဲ့ ရိုက်ကူးမူတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖြိုးကြီးရဲ့ ပလက်တီနမ်ဆွဲကြိုးသီချင်းကိုလည်း ဇင်ဇင်ဇော်မြင့်နဲ့အတူ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တာလည်း တော်တော်လေး ပေါက်ခဲ့ပါတယ်။
“တစ်နေ့တစ်နေ့ ဘာလုပ်လဲဆိုတော့ အသက်ကလည်း ကြီးပြီးဆိုတော့ ရည်းစားထားလို့တော့ မရတော့ဘူး။ သမီးတွေပဲ ထားရတော့တယ်။ အဲဒီတော့ Facebook မှာလည်း သမီးတွေအများကြီးရှိပါတယ်။ သမီးတွေက လိုအပ်ရင် တစ်ခါတလေ မုန့်ဖိုးလေးတွေပို့လိုက်။ စားစရာလေးတွေလည်း ပို့လိုက်ပေါ့။ တခါမှတော့ အပြင်မှာ မမြင်ဖူးဘူး။ မနက်ဆိုရင် Good Morning Have the Good Day ဆိုပြီး ၅ ယောက်ပို့တယ်။ အဲဒီထက်ပို မပို့ဘူး။ ဒီထက်ပိုပို့ရင် ဒီထက်ပိုရှာရတယ်။ သူတို့ပြန်ပြောတယ်။ တချို့က ဒယ်ဒီ။ တချို့ ဖေဖေ။ တချို့ကလည်း ဘဘတဲ့။ အဲ့ဒါနဲ့ Morning ဆိုပြီး တနေ့ကုန်ပြီးသွားတယ်။ အပြင်မှာ တခါမှမမြင်ဖူးပေမယ့် မုန့်ဖိုးလည်း ပို့ရတယ်။ အကုန်လုပ်ရတယ် ဒါနဲ့စိတ်ချမ်းသာပြီ။ အဖေကြီးစိတ်ဖြစ်ရင်းနဲ့ အဖေကြီးစိတ် ဖြစ်သွားတော့တယ်” လို့ သူကဆက်ပြောပါတယ်။
ရာဇာနေဝင်းဟာ လက်ရှိ အသက် ၅၆ နှစ်အရွယ်ဆိုပေမယ့် နုပျိုလန်းဆန်းနေသလို ဖျက်လက်တက်ကြွနေတဲ့ သူ့စတိုင်ကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။