၁၀.၃.၂၀၂၃
Translated by Htwe Ko Tun
ရွှေ့ပြောင်းလုပ်သား မြန်မာအမျိုးသမီးတစ်ဦးအား လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မြန်မာရွှေ့ပြောင်းလုပ်သားက ဘန်ကောက်မြို့ ပရာတူနမ်ရပ်ကွက်အတွင်း ဓားဖြင့်ထိုးသတ်ခဲ့မှုကြောင့် မတ်လ ၉ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က သတ်ဖြတ်သူမြန်မာအမျိုးသားကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သက်လင်းဦး အမည်ရှိ အဆိုပါ မြန်မာရွှေ့ပြောင်းနေထိုင်သူအလုပ်သမားက အသက် ၃၄ နှစ်ရှိ မဖြူမာအောင်အမည်ရှိ မြန်မာအမျိုးသမီးအား ရတ်ချာသီဝိခရိုင်အတွင်းရှိ ပရာတူနမ်ရပ်ကွက်အတွင်း ကုန်တိုက်တစ်ခုအပြင်ဘက်၌ မတ်လ ၉ ရက်က ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ဓားဖြင့်အထိုးခံရသူ မြန်မာအမျိုးသမီးအား ဆေးရုံသို့ အမြန်တင်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းမှာသေဆုံးခဲ့ကြောင်း သိရသည်။
ဖရာထိုင်းဒေသ ရဲမှူးကြီး ခရစ်ဆာဒါပွန် ဂျုံအက်ဆွန်က သက်လင်းဦးနှင့် မဖြူမာအောင်တို့မှာ ဒေသတွင်း သစ်သီးရောင်း ဝယ်သူတစ်ဦးထံ၌ အလုပ်လုပ်ကြသူများဖြစ်ကြောင်း ပြောခဲ့သည်။ မဖြူမာအောင်က ၎င်းတို့၏ အလုပ်ရှင်အား သက်လင်းဦးမှာ အလုပ်လုပ်ရာတွင် အပျင်းထူကြောင်းနှင့် မိုဘိုင်းဖုန်းကိုသာ စွဲစွဲလမ်းလမ်းအသုံးပြုနေကြောင်း ပြောခဲ့ပြီးနောက် သက်လင်းဦးက ဒေါသမထိန်းနိုင်ဖြစ်ကာ သတ်ဖြတ်မိခဲ့ခြင်းဟု ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြောင်းလည်း သိရသည်။
Ref-Bangkok Post