၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ သုံးနှစ်စာပေးရန် စီစဥ်ထားဟုသိရ
MT News
အနုပညာရှင်တွေအတွက် ဘဝမှတ်တိုင်တစ်ခုဖြစ်တဲ့ သုံးနှစ်ကြာရပ်နားထားတဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို နေပြည်တော်မှာ ပြန်လည်ကျင်းပဖို့လျာထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတာဝန်ရှိသူက ပြောပါတယ်။
“လက်ရှိမှာ အကယ်ဒမီနဲ့ ပတ်သက်ပြီး ကျင်းပပြုလုပ်ဖို့ တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ နေပြည်တော်မှာ ပွဲ တော် တော်များက ကျင်းပနေတာမို့ နေပြည်တော်မှာ အကယ်ဒမီပေးပွဲ ပြန်လည်ကျင်းပဖို့ လျာထားပါတယ်။ အကယ်ဒမီပေးဖို့အတွက် ကျန်ရှိနေတဲ့ ဇာတ်ကားတွေကို အကဲဖြတ်ဖို့ ကြည့်ရှုနေပါတယ်။ လက်ရှိကတော့ ၂၀၂၀ က ဇာတ်ကားတွေနဲ့ ၂၀၂၂ ရုပ်ရှင်ဇာတ်ကားပေါင်းတွေကို လက်ရှိကြည့်ရှုတာက ကားပေါင်း ၁၆ ကားတော့ ကြည့်ပြီးပါပြီ”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီအကယ်ဒမီဆုချီးမြှင့်ပွဲမှာ အရင်က အကဲဖြတ်ဒိုင်တွေရဲ့ ၂၀၁၉ ခုနှစ်က ကြည့်ရှုပြီးသား ရုပ်ရှင်ဇာတ်ကားတွေနဲ့ ၂၀၂၀ ခုနှစ် ၂၀၂၂ ခုနှစ်က ဇာတ်ကားတွေကို ပူးပေါင်းပြီး သုံးနှစ်စာ ဆုချီးမြှင့်မှာဖြစ်ပါတယ်။
အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက်၂၀၁၉ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း ၉၇ ကားရှိခဲ့ပြီး အကယ်ဒမီ ဆန်ကာတင်စာရင်းဝင် ဇာတ်ကား၂၉ ကားရှိတာကိုလည်း တရားဝင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ကိုဗစ်ကာလ နောက်ပိုင်း၂ဝ၂ဝ ပြည့်နှစ်မှာ ရုပ်ရှင်ဇာတ်ကား ပေါင်း၂၁ ကားနဲ့ ၂ဝ၂၂ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားပေါင်း၂၀ ကို ပြသခဲ့ပြီး ဖြစ်ပါတယ်။
ရုပ်ရှင်အကယ်ဒမီဆုပေးပွဲနဲ့ပတ်သက်ပြီး ဘာသာရပ်ဆိုင်ရာ အလွှာအလိုက် ကျွမ်းကျင်သူတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၂ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားပေါင်း ၄၁ ကားကို အချိန်သေချာပေးပြီး လက်ရှိရုပ်ရှင်ဇာတ်ကား ၁၆ ကားကို ကြည့်ရှုထားပြီးဖြစ်ပါတယ်။