၉.၃. ၂၀၂၃
ရိုက်ကူး/တင်ဆက် – သန္တာ ၊ ဟေမာ
“Gym ဆော့တိုင်း စိတ်အပြောင်းအလဲမဖြစ်ပါဘူး။ အရာရာတိုင်းမှာတော့ တန်ဆေးလွန်ဘေးဆိုတာရှိတာပေါ။ Supplements နဲ့ ပတ်သက်ပြီး Supplements မျိုးစုံရှိတာပေါ့။ နည်းစနစ်ကျကျမသုံးတတ်ဘူးဆိုရင် ကိုယ့်အတွက်ကို Side Effect ရှိတာပေါ့” ထူးအောင်
ခန္ဓာကိုယ် Body အမိုက်စားတည်ဆောက်ပုံကြောင့် မိန်းကလေး ပရိသတ်အားပေးမှု ပိုမိုရရှိလာတဲ့ မော်ဒယ်လ်သရုပ် ဆောင် ထူးအောင်ကတော့ Gym ကစားတဲ့ ယောကျာ်းလေးတိုင်း လိင်စိတ်ပြောင်းတာမဟုတ်ဘဲ သောက်ရတဲ့ ပရိုတင်းတွေကို ပညာရှင်ညွှန်ကြားချက်မပါဘဲ သောက်တာတွေကြောင့်သာ ဟော်မုန်းအပြောင်းအလဲဖြစ်တာလို့ MT News က တဆင့် ချစ်ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းမျှဝေလာပါတယ်။ ဟော်မုန်းပါတဲ့ဖြည့်စွက်စာတွေ အများအပြားသုံးစွဲမိရင် ယောက်ျားတွေမှာရှိတဲ့ မဟော်မုန်း၊ မိန်းမတွေမှာရှိတဲ့ ကျားဟော်မုန်းတွေကြောင့် ဆန့်ကျင်ဘက်လိင်စိတ်ဖြစ်ပြီး မိန်း ကလေးတွေမှာ ယောက်ျားလိုပုံစံဖြစ်လာတာ၊ ယောက်ျားတွေမှာလည်း အလားတူ မိန်းမလိုမျိုးဖြစ်လာတာမျိုးတွေရှိတတ်တဲ့အကြောင်းတွေကို ထူးအောင်က ရင်ဖွင့်လာတဲ့အကြောင်း MT News သတင်းဌာနရဲ့ ဒီရုပ်သံလေးမှာ ကြည့်ရှုနားဆင်နိုင်မှာဖြစ်ပါတယ်။