MT News
Written by Myo Khine
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး ၂၂ ဘီး ကားတက်ကြိတ်မိ၍ ဦးနှောက်များထွက်ကာပွဲချင်းပြီးသေဆုံးသွားမှု မတ်လ ၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဇနီးမောင်နှံမှာ ချွန်ဘုရီခရိုင် ဆောက်လုပ်ရေး ဆေးသုတ်လုပ်ငန်း လုပ်ကိုင်နေကြသူများဖြစ်ပြီး ယာဥ်တိုက်ခံရမှုမှာ ထနွန်စုခါဖိဗန် ၈ လမ်း၊ စီရာဇာမြို့နယ်၊ ချွန်ဘုရီခရိုင်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
“တလတ်ဗွန်ရကစ်ဈေးထဲကို သူတို့ လင်မယားက ဆိုင်ကယ်စီးသွားတာတဲ့။ လမ်းတစ်နေရာ ရောက်တော့ ဆိုင်ကယ်က မှေက်ပြီးလဲတာ။ ၂၂ ဘီး ကားကလည်း အရှိန်နဲ့ မောင်းလာတာ။ ကားကလည်း ကြီးတယ်လေ။ အဲဒီမှာ ဆိုင်ကယ်ကလည်း လမ်းမှာ လဲကျပြီးမှောက်တဲ့အချိန်၊ကားကြီးကလည်း လာတဲ့အချိန် တိုက်ဆိုင်ပြီး တက်ကြိတ်သလို ဖြစ်သွားတာဖြစ်လို့ ဦးနှောက်တွေပါ ထွက်သွားပြီး တစ်စစီ မြင်မကောင်းတဲ့ ပုံစံတွေ ဖြစ်သွားကြရတာပေါ့။ ကျွန်တော်တို့လည်း အဲဒီလောက်ပဲ သိသေးတယ်။ သေသွားတဲ့ နှစ်ယောက်က မြန်မာနိုင်ငံ ဘယ်ကလဲဆိုတာကျွန်တော်လည်း မေးနေတုန်း”ဟု အဆိုပါ ဆောင်ရွက်နေသူက ပြောသည်။
သေဆုံးသွားသည့် ဇနီးမောင်နှံ ၂ ဦးစလုံး ဦးခေါင်းကြေမွဒဏ်ရာ ရရှိကာ ဦးနှောက်နှင့် သွေးများ လမ်းလယ်တွင် ကြေမွပျံ့နှံ့သွားသောကြောင့် လမ်းသွားလမ်းလာသူများပင် အထိန့်တလန့် ဖြစ်စေခဲ့ကြောင်းလည်း သိရသည်။
Photo-TikThotong