၈. ၃. ၂၀၂၃
Written by Thettamt
မြန်မာ့ရှေ့ဆောင်ဘဏ်၏ လစ်လပ်ဝန်ထမ်း ၉၀၀ ခန့် အလုပ်ခန့်ထားမည့် MAB Carrier Fair ကို မတ်လ ၁၁ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မည်သူမဆို လာရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။
မတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်မည့် MAB Carrier Fair ကို ဝန်ကြီးများရုံးနှင့် မျက်နှာချင်းဆိုင်ရှိ MAB သိမ်ဖြူဘဏ်ခွဲတွင် ကျင်းပသွားမည်ဖြစ်ပြီး ထိုပွဲကြီးတွင် MAB ၏ ဌာနပေါင်းစုံ၌ လစ်လပ်နေသည့် နေရာပေါင်း ၉၀၀ ခန့်အတွက် အငယ်တန်းရာထူးမှစကာ အကြီးတန်းရာထူးများအထိ ခေါ်ယူသွားမည်ဖြစ်သည်။
MAB Carrier Fair တက်ရောက်လိုသူများသည် http://bit.ly/3ygKsym တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ထိုလင့်ခ်တွင် ကြိုတင်စာရင်းပေးသွင်းပြီးနောက် Register Code ကို အခမဲ့ရယူကာ ထို Code နံပါတ်ကို မှတ်သား၍ ပွဲတက်ရောက် အလုပ်လျှောက်ထားနိုင်မည်ဖြစ်သည်။
ထိုပွဲတက်ရောက် အလုပ်လျှောက်ထားချိန်မှာ မတ်လ ၁၁ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိဖြစ်ပြီး ဘွဲကြိုမောင်မယ်များနှင့် အလုပ်အတွေ့အကြုံ မရှိသေးသည့် လူငယ်များလည်း လာရောက် လျှောက်ထားနိုင်ကာ လျှောက်ထားလိုသူများမှာ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ CV၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာများ၊ အလုပ်သမားမှတ်ပုံတင်မိတ္တူ၊ ပညာအရည်အချင်းမိတ္တူ စသည်ဖြင့် လိုအပ်သည့်ထောက်ခံစာများ တစ်ပါတည်းယူဆောင်လာရန် လိုအပ်မည်ဖြစ်သည်။