MT News
Written by Naing Thuta
ရေခဲသေတ္တာအပူလွန်ကဲပြီး အနီး၌ရှိသောထရံအား မီးကူးစက်လောင်ကျွမ်းခဲ့မှု မန္တလေးတွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မတ်လ ၇ ရက် ညနေ ၅ နာရီ ၄၃ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ သရက်ကုန်းကွက်သစ်ရပ်တွင် အသက် ၄၇ နှစ်အရွယ်အမျိုးသားတစ်ဦး၏နေအိမ်ရှိ ရေခဲသေတ္တာအပူလွန်ကဲပြီး အနီး၌ရှိသော ထရံကာများမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ တို့နှင့်အတူ ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့များမှပူးပေါင်းကာ အုပ်ချုပ်မှုယာဥ် ၃ စီး၊ မီးငြှိမ်းသတ်ယာဥ် ၁၀ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် ဆိုင်ကယ် ၁ စီး၊ အတွင်းပစ္စည်းများ၊ ၁၅ ×၂၅ပေ၊ သွပ်မိုးထရံကာ ၁ ထပ်တို့(စုစုပေါင်းကာလ တန်ဖိုး ၁၆၂ ၅၀၀၀ ကျပ်)ဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် မီးပေါဆစွာသုံးစွဲသူအိမ်ပိုင်ရှင်အမျိုးသားအား အမှတ်(၁)နယ်မြေရဲစခန်းမှ (ပ) ၈၉/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ -၂၈၅ ဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။