MT News
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒက္ကာ၏ ဂူလီစတန်ခရိုင်အတွင်း BRTC ကားဂိတ်အနီး ခုနှစ်ထပ်အဆောက်အအုံတစ်ခု၌ မတ်လ ၇ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
မီးသတ်ကားများရောက်ရှိလာကြပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့တာဝန်ခံရှတ်ဂျာဟန် စကစ်ဒါက ပြောပြီး ထိုပေါက်ကွဲမှုမှာ အလူဘာဇာနယ်မြေ၌ဖြစ်ပွားခဲ့ကြောင်း ပြောခဲ့သည်။
ပေါက်ကွဲမှု၏အကြောင်းရင်းကို ချက်ချင်းမသိရသေးကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။ ပေါက်ကွဲမှုက BRTC ကား ဂိတ်အနီး ဘေးချင်းကပ်အဆောက်အအုံနှစ်ခုအား သက်ရောက်မှုရှိခဲ့သည်။ အဆောက်အအုံနှစ်ခုမှာ ငါးထပ်အဆောက် အအုံတစ်ခုနှင့် ခုနှစ်ထပ်အဆောက်အအုံတစ်ခုတို့ဖြစ်ကြပြီး ပေါက်ကွဲမှုကြောင့် လူအများအပြား အဆောက်အအုံများအတွင်း ပိတ်မိနေသေးသည်ဟု ယူဆရကြောင်း မျက်မြင်များက ပြောခဲ့ကြသည်။
ဒဏ်ရာရရှိသူများအနက် ၂၀ ဦးကို ဒက္ကာမြို့ဆေးကောလိပ်ဆေးရုံသို့ တင်ပို့ခဲ့ပြီး ဒဏ်ရာရသူများအတွက် သွေးလှူဒါန်းလိုသူများ ဆေးရုံသို့ရောက်ရှိလာခဲ့ကြောင်းလည်းသိရသည်။
Ref—-Dhaka Tribune