MT News
Written by Pan Ei
“အက်ရှင်ကားတွေရဲ့ ဘုရင်” လို့ လူသိများတဲ့ အသက် ၉၁ နှစ်အရွယ် ဒါရိုက်တာ ချောင်လုံ ပက်ဒီဗီဂျစ်ဟာ ထိုင်းနိုင်ငံရဲ့ အက်ရှင်ရုပ်ရှင်တွေနဲ့ တီဗီစီးရီးလောကရဲ့ရှေ့ဆောင်တစ်ဦးလည်း ဖြစ်သလို ကမ္ဘာ့အသက်အကြီးဆုံး ရုပ်ရှင်ဒါရိုက်တာအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။
၁၉၃၁ ခုနှစ် မတ်လ ၁၈ ရက်မှာ မွေးဖွားခဲ့တဲ့ ဒါရိုက်တာ ချောင်လုံက နှစ်ပေါင်း ၇၀ ကျော်ကြာ အနုပညာလောကမှာ လုပ်ကိုင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်နဲ့ တီဗီရှိုးပေါင်း ၆၀ ကျော်ကို ရိုက်ကူးခဲ့ပါတယ်။
ရုပ်ရှင်ရိုက်ကူးခြင်းလုပ်ငန်းတွေကို ချောင်လုံရဲ့ မိသားစုက မျိုးရိုးစဉ်ဆက်လုပ်ကိုင်လာတာဖြစ်ပြီး သူရဲ့အဖေဖြစ်သူက ဒါရိုက်တာနဲ့ ထုတ်လုပ်သူဖြစ်ကာ သူ့ညီအကိုတွေကလည်း ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။
ချောင်လုံရိုက်ကူးခဲ့တဲ့ Chumphae နဲ့ Sao Har စတဲ့ စီးရီးတွေဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအဆင့်သတ်မှတ်ခံရတဲ့ တီဗီမီနီစီးရီး ၁၀ ခုစာရင်းမှာ ပါဝင်ခဲ့ပြီး အဆိုပါ အဆင့်သတ်မှတ်ချက်တွေထဲက တစ်ကားထက်မကကို ရိုက်ကူးခဲ့တဲ့ တစ်ဦးတည်းသော ဒါရိုက်တာလည်း ဖြစ်ပါတယ်။
အခုလက်ရှိမှာလည်း အသက်အရွယ်အားဖြင့် ၉၁ နှစ် ရှိနေပေမဲ့ အားကောင်းနေဆဲဖြစ်တဲ့ ချောင်လုံက Kan Song Pandin လို့ခေါ်တဲ့ မီနီစီးရီးကို ရိုက်ကူးလျက်ရှိပြီး အက်ရှင်ဇာတ်လမ်းအမျိုးအစားလို့လည်း သိရပါတယ်။
Ref; UPI News