၄. ၃. ၂၀၂၃
တင်ဆက်/တည်းဖြတ် _ ပန်းအိ၊ ဟေမာ
Netflix ကနေ နှစ်သစ်ကူးအားလပ်ရက်မှာ ကြည့်ရှုဖို့ ထွက်ရှိခဲ့တဲ့ The Glory ဇာတ်လမ်းတွဲဟာ ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့ပြီး အခုမတ်လထဲမှာ Season 2 နဲ့အတူ ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိလာတော့မှာပါ။
ဗိသုကာပညာရှင်ဖြစ်လာဖို စိတ်ကူယဉ်ထားတဲ့ အထက်တန်းကျောင်းသူလေးဟာ ကျောင်းတွင်းအကြမ်းဖက်မှုတွေကြောင့် ကျောင်းထွက်ခဲ့ရပြီး ပြန်လည်လက်စားချေပုံတွေကို အစပျိုး ရိုက်ကူးထားတဲ့ The Glory Season 1 ရဲ့ အောင်မြင်မှုကြောင့် နိုင်ငံတော်တော်များများမှာလည်း ကျောင်းတွင်းအကြမ်းဖက်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
The Glory 1 တုန်းကလိုပဲ အွန်စောလို့ လူသိများတဲ့ မင်းသမီး ဆောင်းဟေကို၊ အပြုံးမင်းသားလေး လီဒုံဟွန်း နဲ့ နာမည်ကြီး မင်းသမီး လင်ဂျီယွန်း တို့က အဓိက ဇာတ်ဆောင်တွေအနေနဲ့ Season 2 မှာ ပြန်လည် ပါဝင်လာကြမှာဖြစ်ပါတယ်။
The Glory Season 2 ဟာ စုစုပေါင်း အပိုင်း ၈ပိုင်း ပါဝင်သွားမှာဖြစ်ပြီး ဆောင်းဟေကိုရဲ့ ဇာတ်ကောင် မွန်းဒုံအွန်း နဲ့ လင်ဂျီယွန်းရဲ့ ဇာတ်ကောင် ပက်ယွန်းဂျင်းတို့ရဲ့ အဓိက အားပြိုင်မှု တိုက်ပွဲတွေကို ကြည့်ရှုကြရမှာပါ။
ဒီဇာတ်လမ်းတွဲမှာ မင်းသမီးဆောင်းဟေကိုရဲ့ ပုဂ္ဂိုလ်ရေးအရ အကွက်ကျကျ လက်စားချေမှုတွေနဲ့ အကြမ်းဖက်မှုလုပ်ခဲ့တဲ့သူတွေကို အရှိန်ဟုန်ပြင်းပြင်းနဲ့ ဘယ်လိုတွေ ပြန်အပြစ်ပေးသွားမလဲဆိုတာတွေရယ်၊ လက်စားချေမှုရဲ့ အဆုံးသတ်မှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတွေကို သည်းထိပ်ရင်ဖို ကြည့်ရှုနိုင်ဖို့ Netflix ကနေ မတ်လ ၁၀ ရက်နေ့မှာ ထုတ်လွှင့်တော့မဲ့ The Glory Season 2 ကို MT News ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။