၃. ၃. ၂၀၂၃
Written by Pan Ei
အာဂျင်တီးနားနိုင်ငံ စန်တာဖီပြည်နယ်ရှိ မက်ဆီရဲ့ ဇနီး အန်တိုနီလာ ရိုကူဇိုတို မိသားစုပိုင်ဆိုင်တဲ့ စူပါမားကတ်ကို ဆိုင်ကယ်စီးလာတဲ့ လူနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ် ကြာသပတေးနေ့ (မတ်လ ၂ ရက်) က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဆိုင်ကယ်နဲ့လူတွေဟာ သေနတ်နဲ့ ပစ်ခတ်ပြီးနောက် ” မက်ဆီ၊ ငါတို့ မင်းကို စောင့်နေတယ်၊ မြို့တော်ဝန်လည်း မင်းကို ဂရုစိုက်မှာ မဟုတ်ဘူး” လို့ ရေးထားတဲ့ ခြိမ်းခြောက်စာတစ်စောင်ကိုလည်း ဆိုင်ရဲ့တံခါးမှာ ချန်ထားခဲ့ပါတယ်။
ပစ်ခတ်ခံရတဲ့ စူပါမားကတ်ရှေ့မှာ ကျည်ဆန်ခွံ ၁၄ ခုကိုလည်း တွေ့ရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်ပြီးနောက် ဆိုင်ကိုပိတ်ထားခဲ့တယ်လို့ သိရပါတယ်။
အစိုးရရှေ့နေ Federico Rébola က ရိုကူဇိုတို့ မိသားစုဟာ အရင်က အခုလိုမျိုး ခြိမ်းခြောက်မှုတစ်စုံတစ်ရာ မရရှိခဲ့ဖူးကြောင်းနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာကို မသိရှိရသေးကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ မကြာသေးမီက ဖီဖာရဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ဘောလုံးကစားသမားဆုကို ရရှိခဲ့သလို ကမ္ဘာ့ဖလားနောက်ပိုင်း အာဂျင်တီးနားအသင်းရဲ့ ပထမဆုံးပွဲအနေနဲ့ လာမဲ့ မတ်လ ၂၃ ရက်နေ့မှာ ပနားမားအသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
Ref; Reuters