၃. ၃. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများထဲတွင် တောမီးလောင်ကျွမ်းမှု အများဆုံးနိုင်ငံများထဲ ပါဝင်လျက်ရှိနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် Geo-Informatics and Space Technology Development Agency (Gistda)အဖွဲ့က ဖော်ပြလိုက်သည်။
Gistda အဖွဲ့သည် အမေရိကန် အခြေစိုက် Suomi NPP ဂြိုလ်တုက ဖော်ပြသောဓာတ်ပုံများကို အခြေခံပြီး အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများ၏ တောမီးလောင်မှုကျွမ်းမှုအခြေနေကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Suomi NPP ဂြိုလ်တုသည် အရှေ့တောင်အာရှဒေသတွင်းရှိ နိုင်ငံများ၌ ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ တောမီးလောင်ကျွမ်းမှုအခြေအနေကို မှတ်တမ်းရယူခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများထဲတွင် တောမီးလောင်ကျွမ်းမှု အများဆုံးနိုင်ငံအဖြစ် ရှိနေခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ တောမီးအကြိမ်ရေ ၃၇၆၈ ကြိမ် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံက ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ တောမီးအကြိမ်ရေ ၂၈၉၀ အထိ လောင်ကျွမ်းခဲ့ပြီး တောမီးလောင်ကျွမ်းမှု နေ့တိုင်းဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအနက် ထိုင်း၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့က တောမီးလောင်ကျွမ်းမှုအများဆုံး ထိပ်ဆုံးနိုင်ငံများအဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။ လာအိုနိုင်ငံတွင် တောမီးလောင်ကျွမ်းမှု ၃၃၇၀ကြိမ်၊ ကမ္ဘောဒီးယားနိုင်ငံတွင် တောမီးလောင်ကျွမ်းမှု ၂၈၉၀ ကြိမ်၊ ဗီယက်နမ်နိုင်ငံတွင် တောမီးလောင်ကျွမ်းမှု ၇၃၂ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှု များပြားမှုနှင့်အတူ လေထုညစ်ညမ်းမှုများ ပိုမိုဖြစ်လာစေခဲ့ပြီး လေထုထဲတွင် ညစ်ညမ်းမှုများကိုဖြစ်စေသော အမှုန့်ပစ္စည်းပါဝင်မှု (PM2.5)ပါဝင်မှုနှုန်းလည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ ထိုင်းနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ တာချီလိတ်ခရိုင်နှင့် အခြားနယ်စပ်ဒေသများတွင် တောမီးလောင်ကျွမ်းမှုများ ရှိနေခဲ့ကြောင်း သိရသည်။တောမီးလောင်ကျွမ်းမှု မြင့်တက်လာခြင်းနှင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုများက ကျန်းမာရေးပိုမိုထိခိုက်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။
ref ——- Vnexpress