၃. ၃. ၂၀၂၃
Written by Myo Khine
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ခြင်ဆေးခွေထွန်းထားရာက မီးလောင်မှုဖြစ်ပွားသောကြောင့် နေအိမ် လေးလုံး ဆုံးရှုံးခဲ့ရကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက သိရသည်။
ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်တွင် ယနေ့ မတ်လ ၃ ရက် နံနက် ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“မီးလောင်တာက ခြင်ဆေးထွန်းပြီး အိပ်နေတုန်း ခြင်ဆေးကနေ အိမ်ထရံကို ကူးပြီး လောင်တာ။ အိမ်က လေးလုံးပါသွားတယ်။ မီးလောင်တာ နာရီဝက်ကျော်လောက် အချိန်ကြာတယ်။ လူတွေ၊ နွားနဲ့ အိမ်မွေးတိရစ္ဆာန်တွေတော့ ထိခိုက်ဒဏ်ရာရတာ၊ ဆုံးရှုံးတာ မရှိဘူး။ ဒီမီးလောင်မှုကို စတင်ဖြစ်ပွားတဲ့ အိမ်ပိုင်ရှင်ကိုတော့ မီးသတ်ဥပဒေနဲ့ အရေးယူဖို့ ရှိပါတယ်” ဟု အဆိုပါ ဦးစီးဌာန တာဝန်ရှိသူက MT News သို့ ပြောသည်။
မီးစတင်လောင်ကျွမ်းသည့် နေအိမ်မှာ ဒေါ်ထွန်းသိန်းမဖြူ ၏ နေအိမ်ဖြစ်သောကြောင့် ၎င်းအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။