MT News
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့နနံက် ၆ နာရီက ဘုရားသုံးဆူရဲစခန်းအား ဝင်ရောက်တိုက်ခိုက်မီးရှို့ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားနေသည်ဟု ကနဦးသတင်းများအရ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဘုရားသုံးဆူမြို့ပြပြောက်ကျားအဖွဲ့ဖြစ်သော စောအဲဗွေ၏ Urban Missing Force အဖွဲ့၏ Page တွင် ယနေ့နံနက် ၆ နာရီ၌ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း၊ လခရများက ပစ်ခတ်တိုက်ခိုက်သူများအား တပ်ဖြန့်လိုက်ပါတိုက်ခိုက်ကြောင်း စသည်ဖြင့် ဖြေဆို ရေးသားထားပြီး”ဘုရားသုံးဆူမြို့ ဂရုစိုက်ကြပါ”ဟုလည်း သတိပေးထားသည်။
”ဘုရားသုံးဆူရဲစခန်းကို အဖွဲ့တစ်ဖွဲ့က မနက်အစောကြီးမိုင်းခွဲမီးရှို့ပြီး ပစ်ခတ်မှုဖြစ်တာ။ ရဲစခန်းမှာမီးလောင်နေတယ်။ အခုတော့ တိုက်ပွဲပြီးသွားပြီ။ မြို့ပေါ်မှာလိုက်ပြီး လခရတွေ စုံစမ်းစစ်ဆေးနေတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။