MT News
Written by Min Mahar
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်က တွင်ခုံတွင် လက်နက်ခဲယမ်းပြုလုပ်နေသူ သုံးဦးအား လုံခြုံရေးတပ်ဖွဲဝင်များက အသေဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၂ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၊ မိုင်းပတ်ကျေးရွာအုပ်စု၊ မန်လွယ်ကျေးရွာရှိ စိုင်းဆန်အုံး၏ တွင်ခုံတွင် လက်နက်ခဲယမ်းများပြုလုပ်နေကြောင်း လုံခြုံရေးတပ်ဖွဲ့များမှ သတင်းရရှိခဲ့သည့်အတွက် ဝင်ရောက်စစ်ဆေးကြရာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းပြုလုပ်နေသူ သုံးဦးအား အသေဖမ်းဆီးရမိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ပွားရာမှ ပစ္စတို ၆ လက်၊ တူမီး ၅ လက်၊လေသေနတ် ၂ လက်၊ ပြုလုပ်ဆဲ သေနတ်အစိတ်အပိုင်းများ၊ ကျည်ဆံများ၊ wy စိတ်ကြွဆေးပြား ၈၀ ပြား၊ SSPP/SSA အဖွဲ့ဝင်ကတ် ၁ ခုအသီးသီးတို့အား သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက MT News သို့ ပြောကြားခဲ့သည်။