၂၃. ၂. ၂၀၂၃
Written by Nyein Kyaw
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်၌ ပထမဆုံး ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ နေပြည်တော်ရှိပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်၌ ပထမဆုံး ထည့်သွင်းကျင်းပခြင်းဖြစ်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအငွေ့အသက်များ မပျောက်ပျက်အောင် စံနမူနာပြ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ စနစ်တကျ သုံးသပ်စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဒေသနေပြည်သူများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။