၂၃. ၂. ၂၀၂၃
Written by Pan Ei
တာဂျစ်ကစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု ယနေ့(ဖေဖော်ဝါရီလ ၂၃ ရက်) က လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ လေ့လာဆန်းစစ်ရေးအဖွဲ့ (USGS) က ထုတ်ပြန်ခဲ့ပြီး တရုတ်နယ်စပ်ဒေသများတွင်ပါအဆိုပါ ငလျင်လှုပ်ခတ်မှုများကို ခံစားခဲ့ရကြောင်း သိရသည်။
အဆိုပါငလျင်သည် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၇ မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက်အနက် ၂၀ ဒသမ ၅ ကီလိုမီတာ (၁၂ ဒသမ ၇ မိုင်) ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ တူရကီနှင့် ဆီးရီးယားတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သည့် ငလျင်များ၏နောက်ဆက်တွဲငလျင်လည်း ဖြစ်သည်။
ငလျင်၏ဗဟိုချက်သည် အာဖဂန်နစ္စတန်နှင့် တရုတ်နိုင်ငံတို့ နယ်နိမိတ်ချင်းထိစပ်နေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အရှေ့ပိုင်းဒေသဖြစ်သော ဂေါ်နို-ဘာဒါခ်ရှန်တွင်ဖြစ်သောကြောင့် တရုတ်နယ်စပ်ဒေသများတွင်ပါ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း သိရသည်။
ကနဦးငလျင်လှုပ်ခတ်ပြီး မိနစ် ၂၀ ခန့်အကြာတွင် ပြင်းအား ၅ ဒသမ ၀ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့ပြီး USGS က ငလျင်လှုပ်ခတ်မှုများကြောင့် မြေပြိုမှုများဖြစ်လာနိုင်ကြောင်း ခန့်မှန်းရသည်။
ငလျင်လှုပ်ခတ်ခဲ့သော အဆိုပါဒေသသည် လူဦးရေနည်းပါးသော နယ်မြေဖြစ်ပြီး မြင့်မားသော Pamir တောင်များဖြင့် ဝန်းရံလျက်တည်ရှိသည်။
Ref; Bangkok Post