MT News
ရွှေဘို၊ ဝက်လက်နှင့် အရာတော်မြို့နယ်များအား စစ်အုပ်ချုပ်ရေးမြို့နယ်များအဖြစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ထပ်မံကြေညာသည်။
၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် နစကမှ အာဏာသုံးရပ်အား ခြောက်လဆက်လက်သက်တမ်းတိုးပြီးနောက် မြို့နယ် ၃၇ ခုအား စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဖေဖော်ဝါရီလ ၂၂ရက်နေ့ညတွင် သုံးမြို့နယ်ထပ်မံတိုးခြင်းဖြစ်သည်။
နစက အာဏာရယူသည့် နှစ်နှစ်တာကာလအတွင်း ဆူပူ အကြမ်းဖက် သတ်ဖြတ် လုယက်မှုများ လျော့ကျခြင်းမရှိဟု SAC ဥက္ကဋ္ဌက ပြောကြားထားပြီး လက်ရှိအခြေအနေတွင် မြို့နယ် ၁၉၈ မြို့နယ်သာ တည်ငြိမ်နေသကဲ့သို့ NUG, PDF များက သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်နေသည်ဟုဆိုကာ သတ်ဖြတ်ခံထားရသူ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူမှာ ၅၇၀၀ ခန့်ရှိလာနေပြီဖြစ်သည်။