MT News
Written By Thandar
MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင် မြတ်သူသူကတော့ ချစ်သူက လက်ထပ်ခွင့်တောင်းထားတာမို့ မြတ်သူတို့ မင်္ဂလာပွဲ သိပ်မကြာခင်မြင်ရတော့မှာပါလို့ ဆိုပါတယ်။
“ချစ်သူက Surprise တိုက်ခံရတဲ့အပေါ် ပျော်ပါတယ်။ မြတ်သူမှမဟုတ်ပါဘူး။ ဘယ်မိန်းကလေးမဆို တန်ဖိုး ထားခံရရင် ပျော်မှာပါ။ မြတ်သူက အနုပညာရှင်မို့သာ မြတ်သူကို သိနေကြတာလေ။ မြတ်သူတို့ထက် တန်ဖိုး ထားခံရတဲ့ မိန်းကလေးတွေလည်း အပြင်လောကမှာအများကြီးပဲရှိပါတယ်။ လက်ထပ်ခွင့်တောင်းထားတာမို့ မြတ်သူတို့ မင်္ဂလာပွဲ သိပ်မကြာခင်မြင်ရတော့မှာပါ။ မြတ်သူကို ချစ်ပြီးတော့ ပျော်ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီကာလအတွင်း မြတ်သူကို ချစ်ခင်ပေးသူ ပိုတိုးလာလို့လည်း တကယ်ဂုဏ်ယူတယ်။ ဘာလို့လည်းဆိုတော့ မိန်းမချင်းမနာလိုခြင်းကင်းပြီးတော့ မုဒိတာပွားချစ်ပေးနိုင်ဖို့က လွယ်တာမဟုတ်ဘူးလေ။ ကိုယ်တွေ နှစ်ယောက်ဘက်ကနေ ထပ်တူပျော်ပေးကြလို့လည်း တစ်ယောက်ဆီတိုင်းကို တကယ်ကျေးဇူး တင်ပါတယ်”လို့ သရုပ်ဆောင် မြတ်သူသူက ပြောပါတယ်။
သူ့မကတော့ ချစ်သူဖြစ်သူက ဖေဖော်ဝါရီ ၁၄ ရက် Valentine’s Day နေ့က အနုပညာရှင်မောင်နှမတွေ ကြားမှာ လက်ဆောင်ပစ္စည်းတွေ ငွေကြေးတချို့နဲ့ Surprise အကြီးကြီး အတိုက်ခံရတာဖြစ်ပါတယ်။ မကြာမကြာဆိုသလို ချစ်သူဆီက စိတ်ကျေနပ်စရာတွေ အမှတ်တရတွေလုပ်ပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
“မင်္ဂလာပွဲအတွက်လည်း မြတ်သူအများကြီးတော့ သိပ်မစဥ်းစားဘူး။ လူကြီးတွေ အဆင်ပြေသလို စီစဥ်ပေါ့။မြတ်သူ သိပ်ခေါင်းအရှုပ်မခံတော့လေ။ အရမ်းကြီး တောင်းဆိုထားတာလည်း မရှိပါဘူး။ မြတ်သူ အတွက် လူကြီးတွေအဆင်ပြေသလို စီစဥ်ကြပါ”လို့ သူကဆက်ပြောပါတယ်။