MT News
ဟင်းသီးဟင်းရွက်များ ပို့ဆောင်သည့် Hilux ယာဥ်အား မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ယာဥ်မောင်းဖြစ်သူမှာ မိုင်းစထိမှန် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ(ရွာသစ်) အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးနိုင်မင်းထွန်း(ခ)ဝက်ကလေး (၃၄)နှစ်သည် Toyota Hilux အဖြူရောင်ယာဉ်ဖြင့် အဆိုပါလမ်းအတိုင်း ဟင်းသီးဟင်းရွက်များတင်ဆောင် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်၌ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်၏ ယာဘက်ခြမ်းနှင့် ရှေ့လေကာမှန်တို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဦးနိုင်မင်းထွန်း (ခ)ဝက်ကလေးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
” ဖြစ်စဥ်ဖြစ်တဲ့နေရာက KNU, KNLA နဲ့ PDF တွေက တပ်ယာဥ်တန်းဆိုပြီး ခဏခဏချောင်းပစ်တဲ့နေရာ။ အခု ဖြစ်နေတာက ဒေသခံကားတွေကိုလည်း လခရတချို့က အရင်ကတည်းက လမ်းကြုံစီးကြတော့ သူ့ဘာသာပုံမှန်သွားနေလည်း အကြောက်လွန်ပြီး ပစ်ချကြတာ။ ကြားထဲက သာမန်ပြည်သူကအထိနာတာပေါ့။ အခုကလည်း ဒီကားက ကြားညပ်သွားတဲ့ သာမန်အရပ်သား မောင်းလာတဲ့ ကား” ဟု အဆိုပါဖြစ်စဥ်ကို သိရှိသူတစ်ဦးက ဆိုသည်။