၂၁.၂.၂၀၂၃.
Translated by Htwe Ko Tun
မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းကုန်သွယ်မှုသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ဆယ်လတာကာလအတွင်း ယမန်နှစ် ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ကာလတူထက် ၁၉ ဒသမ ၄၂ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၄ ဘီလျံအထိ ရှိလာကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အတွင်း နိုင်ငံ၏ ပင်လယ်ရေကြောင်းတင်ပို့မှုက ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ကာလတူထက် ၁၀ ဒသမ ၂၁ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၉ ဒသမ ၂၂ ဘီလျံရှိလာကာ၊ ပင်လယ်ရေကြောင်းမှတင်သွင်းမှုကလည်း ၂၀၂၁-၂၂ ဘဏ္ဍာနှစ် ကာလတူထက် ၂၆ ဒသမ ၉၄ ရာခိုင်နှုန်း မြင့်တက်၍ ဒေါ်လာ ၁၃ ဒသမ ၀၁ ဘီလျံရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားများတွင်ဖော်ပြခဲ့သည်။
ထိုကာလအတွင်း နယ်စပ်ကုန်သွယ်မှုကလည်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၀၉ ဘီလျံကျော်အထိရှိရာ မြန်မာနိုင်ငံ၏ အဆိုပါဆယ်လအတွင်း စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုမှာ ၂၉ ဒသမ ၃၃ ဘီလျံအထိ ရှိလာသည်ဟု ဝန်ကြီးဌာနက ကြေညာခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရှည်လျားသောပင်လယ်ကမ်းရိုးတန်းကိုပိုင်ဆိုင်ထားရာ ပြည်ပကုန်သွယ်မှုလမ်းကြောင်းများ၏ အများစုကို ပင်လယ်ရေကြောင်းမှပြုလုပ်နေသည်ကို တွေ့ရသည်။ ထို့ပြင် နယ်စပ်ကုန်သွယ်ရေးကိုလည်း တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် အိန္ဒိယနိုင်ငံတို့နှင့်လည်း ပြုလုပ်လျက်ရှိသည်။
Ref– Xinhua