၂၀. ၂. ၂၀၂၃
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင်အိမ်ရာအနီးတွင် ကားတစ်စီး အရှိန်လွန်ပြီး ပလက်ဖောင်းကိုဝင်တိုက်ခဲ့သဖြင့် ယာဥ်မောင်းအမျိုးသား သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁၉ ရက် ည ၉ နာရီခွဲခန့်တွင် တာမွေမြို့နယ်၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာအနီးတွင် Toyota Ractis အမျိုးစားယာဥ်တစ်စီး အရှိန်လွန်ပြီး ပလက်ဖောင်းကို ဝင်တိုက်ခိုက်ခြင်းဖြစ်ကာ ယာဥ်မောင်းမှာ ယင်းနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။
“လူနာရဲ့မိသားစုကတော့ သူ့ရဲ့သူငယ်ချင်းမိတ်ဆွေတွေပါတယ်လေ။ လူနာကတော့ ဖြစ်ဖြစ်ချင်းမှာပဲ အရောင်ပြောင်းသွားတယ်။ ဖြစ်စဥ်ကတော့ သူကအရှိန်လွန်ပြီး ပလက်ဖောင်းဝင်တိုက်သွားတာလေ။ အဲဒီမှာ Air Bag ပွင့်သွားပြီးတော့ အရိုးကျိုးသွားတယ်။ ကျွန်တော်တို့ သူ့ကိုထုတ်တဲ့အချိန်မှာ အသက်မရှိတော့ဘူး” ဟု မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။