၁၇. ၂. ၂၀၂၃
Written by Nay Aung
Pathum Thani ပြည်နယ် Klong Luang ခရိုင် Klong Nueng မြို့ ကျေးရွာအမှတ် (၅)ရှိ သုံးထပ်တိုက်တိုက်ခန်းရှေ့ အမှိုက်ကန်တွင် သေဆုံးနေသောကလေးငယ်တစ်ဦးကို တွေ့ရှိရသည်ဆိုသော သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် Khlong Luang ရဲစခန်းမှ ရဲမှူး Waranchai Sukying ဦးဆောင်သော စုံစမ်းရေးအဖွဲ့က သွားရောက်စုံစမ်းခဲ့ရာ အမှိုက်ကန်ရှိ အမှိုက်ထည့်ထားသောအိတ်ထဲတွင် သေဆုံးနေသော ကလေးငယ်ကို တွေ့ရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့သည် မြန်မာအမျိုးသမီးတစ်ဦးကို ကိုယ်ဝန်ပျက်ကျကာ ကလေး သေဆုံးမှုနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် အမှိုက်ကောက်သမားတစ်ဦးသည် အမှိုက်ကောက်ရန်အတွက် အမှိုက်ပုံကိုလာရောက်ချိန်တွင် အိတ်အတွင်း ကလေးငယ်တစ်ဦး သေဆုံးနေသည်ကိုတွေ့မြင်ခဲ့ပြီး ကလေးငယ်၏ ဦးခေါင်းနှင့် ဆံပင်များကိုတွေ့မြင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က တရားခံကို စုံစမ်းရှာဖွေခဲ့သည်။
ရဲတပ်ဖွဲ့သည် အမှိုက်ကန်အနီးရှိ CCTV များနှင့် သုံးထပ်တိုက်အဆောက်အဦရှိ CCTV များကို စစ်ဆေးကြည့်ရှုခဲ့သည်။ CCTV များကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် အမှိုက်ကန်ရှေ့ရှိ သုံးထပ်တိုက်အဆောက်အဦ၏ သုံးလွှာရှိ အခန်းနံပါတ် ၃/၃ ကို စစ်ဆေးရန်သွားရောက်ခဲ့ရာ အဆိုပါအခန်းကို အပြင်ဘက်မှ Locked ချထားခဲ့သည့်အတွက် အဆောက်အဦပိုင်ရှင်ကိုအကူညီတောင်းကာ အခန်းထဲသို့ ဝင်ရောက်ခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ အခန်းအတွင်းဝင်ရောက်ချိန်တွင် အသက် ၂၃ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ပြီး စစ်ဆေးခဲ့သည်။
အဆိုပါ မြန်မာအမျိုးသမီးက ၎င်းသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့ညပိုင်းက ဗိုက်နာသည့်အတွက် ရေချိုးခန်းကိုသွားရောက်ခဲ့ရာ ရေချိုးခန်းအတွင်းရောက်ရှိချိန် ၄ လသားအရွယ်ရှိ ကိုယ်ဝန်ပျက်ကျသွားခဲ့ရာ အံအားတုန်လှုပ်သွားခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ကိုယ်ဝန်ပျက်ကျခဲ့ပြီးနောက် ကလေးငယ်ကို အဝတ်ဖြင့်ပတ်ကာ အိတ်ထဲထည့်ပြီး အမှိုက်ကန်ထဲ သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်ကာ ယင်းကဲ့သို့ ကလေးငယ်ကို အဝတ်ဖြင့်ပတ်ကာ သွားရောက်စွန့်ပစ်ခြင်းကို မည်သူမျှမသိရှိကြောင်း ဝန်ခံပြောဆိုထားသည်။
ref – thairath