◾️အဓမ္မပြုကျင့်တယ်လို မဟုတ်မမှန် တရားစွဲခံရမှုမှ ရော်နယ်ဒို အနိုင်ရ
၁၇. ၂. ၂၀၂၃
Written by Pan Ei
ပေါ်တူဂီဘောလုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုဟာ အမျိုးသမီးတစ်ဦးကို ၂၀၀၉ ခုနှစ်တုန်းက အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမှုအတွက် မိမိကိုယ်ကို ခုခံကာကွယ်ရင်း သုံးစွဲခဲ့တဲ့ တရားရေးဆိုင်ရာ ကုန်ကျစရိတ်ဒေါ်လာ ၃ သိန်းကျော်ကို ဒီအပတ်မှာ ပြန်လည်ရရှိခဲ့ပါတယ်။
ကက်သရင်း မေယော်ဂါ (Kathryn Mayorga)လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ရော်နယ်ဒိုက သူမကို ၂၀၀၉ ခုနှစ်တုန်းက လာ့စ်ဗီးဂတ်စ်က ဟိုတယ်အခန်းမှာ အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုကာ ရော်နယ်ဒိုကို တရားစွဲဆိုခဲ့ပါတယ်။
ဒီအမှုကို ကိုင်တွယ်ခဲ့တဲ့ အမေရိကန် ခရိုင်တရားသူကြီး ဂျနီဖာ ဒေါ်ဆေး က တရားလိုရဲ့ရှေ့နေ့ဟာ တရားစွဲဖို့ စာရွက်စာတမ်းတွေခိုးယူတာမျိုးတွေနဲ့ ရော်နယ်ဒိုကို ထိခိုက်နစ်နာစေလောက်တဲ့အထိ အကျင့်ပျက်အပြုအမူတွေကို တွေ့ရှိခဲ့ပြီးနောက် အမှုပိတ်သိမ်းခဲ့ပြီး တရားလိုရဲ့ ရှေ့နေ့ကို ရော်နယ်ဒိုရဲ့တရားရေးကုန်ကျစရိတ် ပေါင် ၂ ဒသမ ၇ သိန်းခွဲ (ဒေါ်လာ ၃ သိန်းကျော်) ရော်နယ်ဒိုထံ ပြန်လည်ပေးဆောင်စေခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ တရားရေးရာအဖွဲ့က လျော်ကြေးငွေပိုမိုတောင်းခံခဲ့ပေမယ့် တရားသူကြီး ဒေါ်ဆေးကတော့ ရော်နယ်ဒိုနဲ့ သူရဲ့ တရားရေးရာအဖွဲ့က အမှုကို လိုတာထက် ပိုကြာအောင် အချိန်ဆွဲခဲ့တယ်လို့ပဲ မှတ်ချက်ပြုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီအမှုမှာ အနိုင်ရရှိခဲ့တာကြောင့် ဂျော်နီဒက်ပ် အနိုင်ရအပြီး အမျိုးသမီးတွေနဲ့ အမှုကိစ္စယှဉ်ပြိုင်ရာမှာ အနိုင်ရရှိခဲ့တဲ့ သမိုင်းတွင် နာမည်ကျော် ဒုတိယမြောက် အမျိုးသားဖြစ်တယ်လို့လည်း ပရိသတ်တွေက ဆိုကြပါတယ်။
Ref; CNN