လခရ ၂၅၀၀၀ ကျော်ကို သတ်ဖြတ်ထားကြောင်း NUG ယာယီသမ္မတ ဝန်ခံထားပြီး နိုင်ငံ့ဝန်ထမ်းအပါအဝင် ပြည်သူ ၅၅၀၀ ခန့် သတ်ဖြတ်ခံထားရကြောင်း ပြောကြားပြီးနောက် သတ်မှတ်အရည်အချင်းပြည့်စုံသူ ပြည်သူတိုင်း လက်နက်ကိုင်ခွင့်ရ
MT News
လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅၀၀၀ ကျော်ကို သတ်ဖြတ်ထားကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံထားပြီး ထိုသို့ NUG နှင့် PDF သတ်ဖြတ်သူများတွင် ပြည်သူ ၅၅၀၀ ခန့်မှာ ရဟန်းသံဃာ၊ သီလရှင်၊ နိုင်ငံ့ဝန်ထမ်း၊ ရပ်ကျေးဝန်ထမ်းများ၊ NLD ပါတီမထောက်ခံသည့် အခြားပါတီဝင်များနှင့် အပြစ်မဲ့ပြည်သူများသာဖြစ်ကြောင်း SAC က ရှင်းလင်းပြီးနောက်တွင် သတ်မှတ်အရည်အချင်းပြည့်စုံသည့် ပြည်သူတိုင်း လက်နက်ကိုင်ဆောင်ခွင့် စတင်ခွင့်ပြုလိုက်ပြီဖြစ်သည်။
သေနတ်ကိုင်ဆောင်ခွင့် လျှောက်ထားသူသည် အသက် ၁၈ နှစ်ပြည့်ရန်၊ နိုင်ငံအပေါ် သစ္စာရှိရန်၊ အကျင့်စာရိတ္တကောင်းမွန်ရန်၊ လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ရန် အမှန်တကယ်လိုအပ်သူဖြစ်ရန်၊ နိုင်ငံတော်နှင့် ဒေသဆိုင်ရာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်ရေးတို့နှင့် အရေးယူခံရဖူးသူမဖြစ်ရန်နှင့် စိတ်ပေါ့သွပ်သူမဖြစ်ရန် စသည်ဖြင့် သတ်မှတ်ထားသည်ဟုလည်း ကနဦး သိရသည်။