၁၀. ၂. ၂၀၂၃
Written By Thandar
ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ချမ်းမေမြတ်နိုးဟာ ခင်ပွန်းဖြစ်သူ ကိုရဲနိုင်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီလို့ ပရိသတ်ကို ဒီနေ့မှာအသိပေးလာပါတယ်။
မင်္ဂလာပွဲကြီး ကျင်းပခဲ့စဥ်ကလည်း ပရိသတ်ကို အသိပေးခဲ့သလို အခုလည်း နှစ်ဦးလမ်းခွဲလိုက်တဲ့အကြောင်းကို “အားလုံးကို အသိပေးတဲ့ သဘောနဲ့ပဲ တင်လိုက်တာပါနော် “လို့ သရုပ်ဆောင် ချမ်းမေမြတ်နိုးက သူမရဲ့လူမူကွန်ရက်မှာ ရေးသားထားပါတယ်။
သူမဟာ ၂၀၁၉ ခုနှစ်မှာ ချစ်သူဖြစ်တဲ့ ကိုရဲနိုင်နဲ့ တရားဝင်လက်ထပ်ခဲ့တာကို ပရိသတ်ကို အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ယခင်က အနုပညာအလုပ်တွေဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုတွေမှာ သရုပ်ဆောင်ခဲ့သလို တေးသီချင်းတချို့ကိုလည်း သီဆိုခဲ့သူဖြစ်ပါတယ်။
ချမ်းမေမြတ်နိုးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ နှစ်ဦးသား တရားဝင်ပြတ်စဲလိုက်တာကို တင်လိုက်လို့ အနုပညာရှင် မောင်နှမတွေနဲ့ ပရိသတ်တချို့ စိတ်မကောင်းကြောင်းလည်း ဖော်ပြထားကြပါတယ်။