MT News
Written by Thettant
NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ Facebook စာမျက်နှာမှာ တိုက်ခိုက်ခံရပြီး ပို့စ်များအားလုံးပျောက်ပျက်သွားသည်ဟု ဒူဝါလရှီးလက ယမန်နေ့ညတွင် အသိပေးသည်။
ထိုဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီဝန်းကျင်တွင် ဒူဝါလရှီးလ၏ လူမှုကွန်ရက် Facebook စာမျက်နှာသည် တိုက်ခိုက်မှုကို ခံခဲ့ရပြီး စာမျက်နှာပေါ်မှ ပို့စ်များ အားလုံးလည်း ပျောက်ပျက်သွားခဲ့သည်ဟု ဆိုသည်။
သို့သော် NUG နည်းပညာအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယမန်နေ့နံနက် ဖေဖော်ဝါရီ ၂ ရက်တွင် လက်ဝယ် ခိုင်ခိုင်မာမာပြန်လည်ရရှိခဲ့ပြီး Facebook စာမျက်နှာ လုံခြုံရေးအား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင် အသိပေးထားသည်။
NLD ပါတီ အာဏာရယူထားစဥ်က နိုင်ငံတော်ဘဏ္ဍာမှ တရားဝင်အသိပေးတောင်းခံမှုမရှိဘဲ ကျပ်သန်း ၆၀၀၀ ကျော်သုံးစွဲခဲ့ပြီးနောက် Facebook တွင် NLD ထောက်ခံသူများသာ နေရာယူတွင်ကျယ်ထားပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ဖြစ်စဥ်နောက်ပိုင်းတွင် အစိုးရစာမျက်နှာများနှင့် တပ်မတော်ထောက်ခံသူများ၏ လူမှုကွန်ရက်စာမျက်နှာများသာဖြုတ်ချခံထားရပြီး NUG နှင့် ယင်းတို့အားထောက်ခံနေသူများသာ ဆက်လက်တွင်ကျယ်နေသည့်ကြားမှ ယခုဖြစ်စဥ်ဖြစ်ပွားရခြင်းဖြစ်ပြီး ဒူဝါလရှီးလထက် ဖော်လိုဝါနှင့် Like သန်းချီပိုမိုသူများမှာ ထိုကဲ့သို့ဖြစ်စဥ်ဖြစ်ပေါ်ခဲ့ဖူးခြင်းမရှိချေ။