MT News
Written by Nyein Kyaw
ဒီဇင်ဘာ ၃၁ ရက်က မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းနဲ့ ဘုရင့်နောင်လမ်းဆုံမှာ မီးနီဖြတ်မောင်းတဲ့ ကုန်ကားတစ်စီးက စက်ဘီးနဲ့ Delivery ပို့တဲ့ အမျိုးသမီးတစ်ဦးကို ဖြတ်တိုက်မိတာကြောင့် ရင်သွေးငယ်သုံးဦးရဲ့ မိခင်ဖြစ်တဲ့သူမ ကွယ်လွန်ခဲ့တာကြောင့် ဖေဖော်ဝါရီလ ၂ ရက် ညနေ ၄ နာရီအချိန် ရေဝေးသုသာန်မှာ သူမစျာပနာကျင်းပခဲ့ပါတယ်။
သူမကိုတိုက်မိတဲ့ ကုန်ကားနဲ့ ယာဥ်မောင်းကို ဖမ်းမိထားပေမဲ့ တရားခံကို မိသားစုတွေက တွေ့ခွင့်မရသေးသလို သူမ မိသားစုနေအိမ်ကလည်း ပြင်ဆင်နေဆဲမို့ကျန်ရစ်တဲ့ မိသားစုဟာ ဓမ္မာရုံမှာ နေနေကြတာပါ။
Deli ပို့ချိန် သေဆုံးရသူ ဒေါ်ဇူလိုင်မိုးမိုး (ခ) မိုးမိုးဟာ အသက် ၃၉ နှစ်အရွယ်ရှိပြီး သားသမီး သုံးယောက်ကျန်ရှိခဲ့ပါတယ်။ အကြီးဆုံးသားက ပထမနှစ်ကျောင်းသား၊ ဒုတိယသားက အလယ်တန်းကျောင်းသားနဲ့ အငယ်ဆုံးသမီးငယ်က အသက်လေးနှစ်ကျော်ပါ။ လက်ရှိအချိန်မှာ ခက်ခဲစွာကျန်ရှိခဲ့တဲ့ သူမမိသားစုနဲ့ မမိုးမိုးပုံတွေအကြောင်းပြုပြီး လိမ်လည်အလှုခံမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။