MT News
Written by Naing Thuta
၇၄ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့ အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အိန္ဒိယသမ္မတနိုင်ငံ၏(၇၄)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ သံတမန်လမ်းရှိ အိန္ဒိယသံအမတ်ကြီးနေအိမ်၌ ကျင်းပခြင်းဖြစ်ပြီး
မန္တလေးတွင်မူ ချမ်းမြသာစည်မြို့နယ်၊ ၆၅ လမ်းပေါ်ရှိ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး၌ ယနေ့ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်ပြုလုပ်သည့် ဧည့်ခံပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
မန္တလေးမြို့တွင် ပြုလုပ်သည့် အခမ်းအနားသို့ အိန္ဒိယကောင်စစ်ဝန်ချုပ် Mr Neeraj Kumar နှင့် ဝန်ထမ်းများ၊ မန္တလေးမြို့ရှိ အိန္ဒိယနွယ်ဖွားများ၊ ဖိတ်ကြားထားသူများ၊ စုစုပေါင်း၂၀၀ ဦးခန့် တက်ရောက်ခဲ့သည်။