MT News
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးဘူတာနှင့် ကျိုက္ကသာဘူတာကြားရှိ ရန်ကုန်- မော်လမြိုင် မီးရထားလမ်းအား PDF များက မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် သွားလာမရဖြစ်နေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့မွန်းတည့် ၁၂ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ စွပွနူး ဘူတာနှင့် ကျိုက္ကသာဘူတာကြားရှိ ရန်ကုန်- မော်လမြိုင် မီးရထားလမ်းအား PDF များက မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ မိုင်းပေါက်ကွဲမှုကြောင့် ခလွန်ချောင်းတံတားအမှတ်(၄၁)၊ မိုင်တိုင်(၈၈)နေရာ၌ ရထားလမ်းကူး သံဘောင်ဘေလီ တံတား အပေါ်မင်းကုန်း(Topcord) တစ်ခုတွင် ၆ လက်မခန့်ပျက်စီး လျက်ရှိသည်ကို တွေ့ရှိရပြီး ရထားဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရသည်။
အဆိုပါနေရာ ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းခဲ့ရာ တံတားပေါ်တွင် ထောင်ထားသည့် ဒေသန္တရလက်လုပ် ရီမုမိုင်း ၁၀ လုံး ထပ်မံတွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးလုပ်ထုံးလုပ်နည်းနှင့်အညီ သက်မဲ့ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။