၂၅. ၁. ၂၀၂၃
ရိုက်ကူး၊ တင်ဆက် – ခင်ဝိုင်းဖြူဖြု
ပြည်တွင်းဖြစ်ဆိုရင် အထင်သေးကြတဲ့အတွက် ထုတ်ကုန်ပစ္စည်းထုတ်လုပ်ရာမှာ အခက်အခဲပေါင်းက သောင်းခြောက် ထောင်လို့ ဆိုလာသူ မသီတာအေးက သူ့ရဲ့ Z.H.E Skin care နဲ့ ဆပ်ပြာကို ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချခဲ့တာ ၆ နှစ်ဝန်းကျင် ရှိနေပါပြီ။
အသားအရေထိန်းသိမ်းတဲ့ ဓာတုဗေဒလျှော့ချထားတဲ့ ဆပ်ပြာနဲ့ခေါင်းလျှော်ရည်၊ အလှကုန်တွေကို သူကထုတ်လုပ်ရောင်းချသလို၊ သင်တန်းလည်းပို့ချနေတဲ့ အသိအမှတ်ပြုလက်မှတ်ရ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။
အလှကုန်ပစ္စည်းဆိုတာ လူ့အရေပြားနဲ့ရင်းရတာမို့ တစ်ပွဲတိုးသင်တန်းတက်ပြီး ထုတ်ကုန်တွေကို မထုတ်လုပ်ပါနဲ့လို့ မသီတာအေးက ဆိုလာပါတယ်။
ဓာတုဗေဒပစ္စည်းတွေက ပါဝင်ပမာဏကို အထူးဂရုစိုက်ရတာမို့လို့၊ အင်တာနက်စာမျက်နှာတွေပေါ်က တွေ့ရှိတဲ့ နည်းတွေနဲ့ ကိုယ့်အရေပြားကို မစမ်းသပ်ကြဖို့လည်း သူမက သတိပေးခဲ့တာတွေကို MT News ပရိတ်တွေအတွက် ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။