Month: August 2023
၁၂. ၈. ၂၀၂၃ Written by Ye Kyaw သတင်းစာစက္ကူစက်ရုံ(သာပေါင်း)မှ ထုတ်လုပ်သည့် စက္ကူများသည် အရည်အသွေးများစွာကောင်းမွန်သည့်အတွက် သတင်းစာထုတ်လုပ်ခြင်း၌သာမက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်မှုများအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က...
၁၂.၈.၂၀၂၃Written by Thuta Zaw CNF နှင့် PDF အဖွဲ့များက ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ နယ်မြေခံတပ် ဌာနချုပ်သို့ နံနက်အစောပိုင်း နေမထွက်မီတွင် အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း စနစ်တကျ...
၁၂. ၈. ၂၀၂၃Written by Pan Ei အမေရိကန် ဟာဝိုင်အီကျွန်းစုမှာ အခုသီတင်းပတ်အတွင်း တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် သေဆုံးသူဦးရေမှာ ၈၀ အထိ ရှိလာပြီးဖြစ်ကြောင်း ဟာဝိုင်အီရှိ တာဝန်ရှိသူတွေက ဒီနေ့မှာ...
၁၂. ၈. ၂၀၂၃Written by Ye Kyaw နိုင်ငံတော်မှ အရန်ဆန်အိတ်ရေ ငါးသိန်းကို ထပ်မံဝယ်ယူစုဆောင်း၍ သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့ ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ...
၁၂. ၈. ၂၀၂၃Written by Min Mahar ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ အစိုးရရုံးများနှင့် ဝန်ထမ်းအိမ်ယာများကို KNU၊ PDF ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ညပိုင်းက ဗုံးခွဲဖျက်စီးခဲ့ပြီး ယနေ့မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ...
၁၂. ၈. ၂၀၂၃ Written By Thandar ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား ခမ်းနားသိုက်မြိုက်စွာကျင်းပမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဩဂုတ် ၁၁ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမမှာ ပြောခဲ့ပါတယ်။ ယခင်နှစ်များကဲ့သို့ပင် ပြိုင်ပွဲဝင်ဘာသာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ၊ အကဲဖြတ်ပညာရှင်ကြီးတွေကသိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မျိုးဆက်သစ် ရွက်ပုန်းသီး ပြိုင်ပွဲဝင်လူငယ်မောင်မယ်တွေအင်ပြည့်အားပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆက်စပ်ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေဆွေးနွေးကြတယ်လို့ သိရပါတယ်။ ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဦးလွင်ကယခင်ပြိုင်ပွဲကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ ယခုပြိုင်ပွဲကျင်းပမည့် အစီအမံများနှင့် ဆုချီးမြှင့်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပါတယ်။ ယခင် ၂၃ ကြိမ်မြောက်ပြိုင်ပွဲက အားနည်းချက်တွေကို သင်ခန်းစာယူပြီး အားသာချက်တွေ အဖြစ်ပြောင်းလဲကာပြိုင်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ကြိုးပန်းဆောင်ရွက်ကြမယ်လို့ ပြောပါတယ်။
၁၂. ၈. ၂၀၂၃ Written by Nay Aung ယာယီဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိနေသော မြန်မာဒုက္ခသည်များကို တရားမဝင်လူမှောင်ခိုကူးရန် ကြိုးပမ်းသော ထိုင်းနိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်ဆီးလိုက်ကြောင်းသိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် ကလေးငယ် ငါးဦးအပါအဝင် မြန်မာနိုင်ငံသား ၁၀ဦးကို ၎င်းတို့ စီးနင်းလာသော ကားနှင့်အတူတွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံသားသုံးဦးကို လူကုန်ကူးရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မြန်မာဘက်ခြမ်းတွင် ဖြစ်ပွားနေသောလက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် လာရောက်ခိုလှုံနေသူများကို ယာယီနေထိုင်လျက်ရှိနေသည့် စခန်းမှအပြင်သို့ခေါ်ထုတ်ရန် ကြိုးပမ်းမှုများရှိနေကြောင်းသတင်းပေးမှုများကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့သည် Khun Yuam ပြည်နယ် Mae Kee ဒေသရှိ အမှတ်၁၃၃၇ အမြန်လမ်းတွင်စစ်ဆေး ရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား၁၀ဦးနှင့်အတူ ထိုင်းနိုင်ငံသား သုံးဦးကို ကားနှင့်အတူဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့သည် အမြန်လမ်းတွင် ပစ်ကပ်ကားနှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ကားထဲတွင် လူအများအပြားကိုတွေ့ရှိခဲ့ကြောင်း ပြောသည်။အဆိုပါကားနှစ်စီးတွင် ထိုင်းနိုင်ငံသား သုံးဦး နှင့်အတူ အရွယ်ရောက်ပြီးသော မြန်မာနိုင်ငံသား ၆ဦး အပြင် အသက် ၅နှစ် နှင့် ၁၄နှစ်အရွယ်ကြားရှိကလေးငယ်၄ဦးကို တွေ့ရှိခဲ့ကြောင်း၊မြန်မာနိုင်ငံသား ၁၀ ဦးသည် တရားဝင် အထောက်အထားစာရွက်စာတမ်းများမပါဝင်သလို ထိုင်းစကားကို မပြောတတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ထိုင်းလူကုန်ကူးသမားသုံးဦးက ၎င်းတို့သည် အဆိုပါမြန်မာနိုင်ငံသားများကို Mae Kee ဒေသရှိ ယာယီဒုက္ခသည်စခန်းမှခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံသားများသည် မဲဟောင်ဆန်ဒေသရှိ ဆွေမျိုးများထံသွားလိုသည့်အတွက် လိုက်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။ အသက် ၃၈နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား Mr Anai ဆိုသူက ၎င်းသည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသအနီးရှိ Mae Kee ဒုက္ခသည်စခန်းတွင် ယာယီနေထိုင်နေသော မြန်မာနိုင်ငံသားများကို ဒုက္ခသည်စခန်းမှထွက်နိုင်ရန် နှစ်ကြိမ်ကူညီပေးခဲ့ဖူးကြောင်း၊ ၎င်းသည်အဆိုပါဒုက္ခသည်စခန်းတွင် နေထိုင်နေသူများအတွက် လိုအပ်သောပစ္စည်းများ လာရောက်ပေးပို့ခဲ့ဖူးရာမှ မြန်မာနိုင်ငံသားများနှင့်အဆက်အသွယ်ဖြစ်နေခြင်းဖြစ်ကြောင်း ပြောသည်။ Ref-...
▪️ကြိုးစားသော်လည်း NUG အပယ်ခံ ဘဝ ရောက်နေသူများ ရှိဟု ဆို ၁၂.၈.၂၀၂၃Written by Thuta Zaw အညာဒေသတွင် ဗမာ့အမျိုးသားတော်လှန်ရေးတပ် ဖွဲ့စည်းရန် လုပ်နေပြီး NUG ၏...