၂၀. ၈. ၂၀၂၃ Written by Tha Doe သိမ်ဖြူလက်ဝှေ့ကွင်းမှာ ဒီနေ့ထိုးသ-တ်မဲ့ ထွန်းထွန်းမင်းနဲ့ သွေးသစ်ဝင်းလှိုင်တို့ ချန်ပီယံလုမဲ့ လက်ဝှေ့ပွဲဟာ ကြည့်ရှုလိုသူများပြားနေတာကြောင့် ရုံပြည့်ရုံလျှံဖြစ်နေပြီး မှောင်ခိုစျေးကွက်မှာပါ ၁၀၀၀၀...
Year: 2023
၂၀. ၈. ၂၀၂၃ Written by Nay Aung အိန္ဒိယစစ်တပ်သည် မဏိပူရပြည်နယ်တွင် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးခဲ့သော အိန္ဒိယနိုင်ငံသား ၄၀၀ ကျော်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း မဏိပူရပြည်နယ် အစိုးရအဖွဲ့ကသတင်းထုတ်ပြန်လိုက်သည်။ မဏိပူရပြည်နယ်တွင် မေလ ၃ ရက်က အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးနောက် မိုးရေးမြို့တွင် နေထိုင်သော Meitei လူမျိုးများသည် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ပြီး ပြီးခဲ့သောရက်ပိုင်းကလည်း မြန်မာနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးခဲ့သောအိန္ဒိယနိုင်ငံသား ၂၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့ကြောင်းမဏိပူရပြည်နယ်ဝန်ကြီးချုပ် ဘီရမ်ဆင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ အိန္ဒိယနိုင်ငံသားများကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူနိုင်ခြင်းအတွက် အိန္ဒိယစစ်တပ်ကိုကျေးဇူးတင်ကြောင်း၊ပြန်လည်ခေါ်ယူခဲ့သော အိန္ဒိယနိုင်ငံသားများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးသွားမည်ဖြစ်ကြောင်းမဏိပူရပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။ မဏိပူရပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့သော အိန္ဒိယနိုင်ငံသား ၂၁၂ ဦးကို ပြန်ခေါ်ယူခဲ့ကြောင်း၊ ပြန်ခေါ်ယူသူများထဲတွင် အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၈၉ ဦးနှင့်ကလေးငယ် ၃၇ ဦးပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါအိန္ဒိယနိုင်ငံသားများသည် မေလ ၃ ရက်တွင် မဏိပူရပြည်နယ်၌ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက်မြန်မာနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားခဲ့သူများဖြစ်ကြောင်း၊ ၎င်းတို့ကို ပြန်လည်ခေါ်ယူနိုင်ရန်အတွက် အာသံရိုင်ဖယ်တပ်ရင်းက အဓိကအခန်းကဏ္ဍကပါဝင်ခဲ့ကြောင်း၊ မဏိပူရပြည်နယ်အစိုးရကပြောသည်။ အိန္ဒိယစစ်တပ်သည် မြန်မာနိုင်ငံ တမူးမြို့မှ မဏိပူရပြည်နယ် မိုးရေးမြို့ကို ကားများဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း၊ ၎င်းတို့ကို ကူညီကယ်ဆယ်ရေးစခန်းများတွင် ခေါ်ယူထားပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေးထားကြောင်း မဏိပူရပြည်နယ်အစိုးရကပြောသည်။ မဏိပူရပြည်နယ်တွင် မေလ ၃ ရက်က စတင်ပြီး လူမျိုးရေးအကြမ်းဖက်မှုများစတင်ခဲ့ရာ အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးခဲ့ကြမှုကြောင့် မိုးရေးမြို့ရှိဒေသခံအချို့သည် အိမ်များ၊ ဈေးဆိုင်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။ Ref- — Imphal Free Press
၂၀.၈.၂၀၂၃ Written By Thandar ကချင်ပြည်နယ်က အနုပညာရှင်တွေနဲ့ မြန်မာအနုပညာရှင်တချို့ ပူး ပေါင်းပြီး လူသားချင်း စာနာထောက် ထားပြီးရိုင်းပင်းကူညီမှုတွေ အကြောင်း ပညာပေး “ကမ်းလက်များ” ဇာတ်လမ်းတိုရိုက်ကူးပုံဖော်နေလျက်ရှိပါတယ်လို့သရုပ်ဆောင် ယောသပ် Yaw Thurt က MT News ကိုပြောပါတယ်။ “ကမ်းလက်များ” ပညာပေးဇာတ် လမ်းတို ရိုက်ကွင်းကို ဩဂုတ် ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ အင်းလျားလမ်းရှိ Holy Cross မှာ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ “ ကမ်းလက်များဆိုတာက လူတွေရဲ့ဘဝမှာ တစ်ယောက်နဲ့ တစ်ယောက်ဖြစ်တည်နေတာတွေ မတူတဲ့ စာမျက်နှာတွေ၊ မတူညီတဲ့ ဘဝမျက်နှာတွေကို ပြသထားတာပါ။ မတူညီတဲ့ ဘဝစာမျက်နှာတွေကို ပညာပေးသဘောမျိုးအများကြီးဖော်ပြသွားမယ်၊ အဲဒီလိုမျိုးနဲ့ နာမည်ပေးပြီး လုပ်ဖြစ်တာပါ ”လို့သရုပ်ဆောင် ယောသပ် Yaw Thurtက ပြောပါတယ်။ အဆိုပါ ဇာတ်လမ်းကို ဒါရိုက်တာ တူးမိုင်က ဝါရင့်အနုပညာရှင် သရုပ် ဆောင် ဒေါ်လုံးတင်၊ သရုပ်ဆောင် ယောသပ် Yaw Thurt ၊ သရုပ်ဆောင် ဂျပ် (Jap) ၊ သရုပ်ဆောင် ထက်ရှိုင်းဝေ (Mister Grand Myanmar 2022...
၂၀.၈.၂၀၂၃Written by Pan Ei ပြီးခဲ့တဲ့ ငါးနှစ်ကျော်လောက်စပြီး အင်တာနက်ပေါ်မှာ နာမည်ကြီးလာခဲ့တဲ့ Meme များစွာရဲ့ ပိုင်ရှင် ခွေးလေး Cheems ဟာ ဩဂုတ်လ ၁၈ ရက်က...
၂၀. ၈. ၂၀၂၃ Written by Nay Aung မြန်မာနိုင်ငံ၏ပြည်တွင်း နိုင်ငံရေးအခြေအနေများအပြင် အွန်လိုင်းမှတဆင့် လိမ်လည်မှုများကျူးလွန်နေသည့်ရာဇဝတ်ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများကြောင့် တရုတ်ခရီးသွားများသည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဆန္ဒမရှိဘဲဖြစ်နေကြောင်း ဂလိုဘယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်စေရန်အတွက် ဟိုတယ်အခန်းခများကို တရုတ်ယွမ် ၃၀၀ အထိဈေးလျှော့ပေးထားသော်လည်း ကြယ်ငါးပွင့် အဆင့်ရှိဟိုတယ်များတွင် တည်းခိုသူမရှိဘဲဖြစ်နေကြောင်း သိရသည်။ ခရီးသွားများကို ဆွဲဆောင်ရန်အတွက် မြန်မာနိုင်ငံရှိဟိုတယ်အချို့သည် အခန်းခများကို ၄၀ ရာခိုင်နှုန်းဈေးလျှော့ပေးထားကြောင်း သိရသည်။ တရုတ်မီဒီယာတစ်ခုက တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံသို့ခရီးသွားခြင်းနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ရာ စစ်တမ်းဖြေဆိုခဲ့သူ တရုတ်နိုင်ငံသား ၉,၂၉၈ ဦးထဲတွင် ၈,၉၀၁ဦးက လုံခြုံရေးအခြေနေများကြောင့်မြန်မာနိုင်ငံသို့ခရီးသွားရန် စဉ်းစားလိုခြင်းမရှိကြောင်း ဖြေဆိုထားသည်ဟုသိရသည်။ Beijing Foreign Studies တက္ကသိုလ်မှအကြီးတန်းသုတေသီတစ်ဦးဖြစ်သည့် Song Qingrun က နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်း၊အွန်လိုင်းမှတဆင့်လိမ်လည်နေသည့် ဂိုဏ်းများကြောင့် လုံခြုံရေး စိုးရိမ်ရခြင်း၊ အခြားအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ဧည့်ခံကြိုဆိုရေးပိုင်း ကောင်းမွန်မှုမရှိခြင်းစသည့်အချက်များကြောင့် မြန်မာနိုင်ငံသို့တရုတ်ခရီးသွားများသွားရောက်လည်ပတ်ရန် စိတ်ဝင်စားမှုနည်းပါးနေခြင်းဖြစ်ကြောင်း ပြောသည်။ သို့သော်လည်း မြန်မာဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်ဧပြီလမှ ၂၀၂၃ ခုနှစ်မတ်လအတွင်း ပြည်ပခရီးသွားဦးရေ ၃၆၇,၃၆၈ ဦးလာရောက်လှည့်ပတ်ခဲ့ပြီး တရုတ်ခရီး သွားအရေအတွက်၄၈,၃၄၂ဦး လာရောက်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း မြန်မာနိုင်ငံသို့ပြည်ပခရီးသွားဦးရေ ၄၅၀,၀၀၀ လာရောက်ခဲ့ပြီး ထိုင်းနှင့်တရုတ်နိုင်ငံသားများအများဆုံးလာရောက်ထားကြောင်းဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကဆိုသည်။ မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်လည်ပတ်ခဲ့သောပြည်ပခရီးသွားအရေအတွက်သည် ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဉ်လျှင် တိုးတက်လာခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် လျော့နည်းနေဆဲဖြစ်ကြောင်းသိရသည်။ Ref- — globaltimes
၂၀ .၈.၂၀၂၃Translated by Htwe Ko Tun အာဏာသ်မ်းယူခံခဲ့ရသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာ က သြဂုတ်လ ၁၉ ရက်တွင် တွေ့ဆုံမေးမြန်းပွဲ ပြုလုပ်ခဲ့ရာ၌...
၂၀. ၈. ၂၀၂၃ Written by Pan Ei ကြောင်လေးတွေဟာ ခွေးလေးတွေနဲ့မတူဘဲ စွမ်းရည်တွေ တတ်မြောက်အောင် သင်ကြားပေးရတာ ခက်တယ်လို့ နာမည်ကြီးပေမဲ့ အမေရိကန်၊ မစ်ဆူရီ ပြည်နယ်က...
၂၀. ၈. ၂၀၂၃ Written by Ye Kyaw အချို့သောသွင်းကုန်လုပ်ငန်းရှင်များသည် ဗဟိုဘဏ်မှ Online Trading အစီအစဉ်ဖြင့် ရောင်းချပေးသည့် တစ်ဒေါ်လာ ကျပ် ၂,၉၂၀ နှုန်းဖြင့်...
၁၉.၈.၂၀၂၃ Written By Thandar တေးရေး တေးဆို တိုနီကျော်ဒင် (ခ) ဦးသန်းထိုက်ဝင်း အသက် ၆၂ နှစ်က ယနေ့ ဩဂုတ် ၁၉ ရက် နေ့လည် ၂နာရီ၅၈ မိနစ်က သူနေထိုင်တဲ့ နေအိမ်မှာပဲ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။ ” စိတ်မကောင်းပါဘူး ကိုတိုနီ ၊အဲ့လောက် မြန်မြန်ဆန်ဆန် ထွက်သွားရလိမ့်မယ်လို့ မထင်မိဘူး။ ကောင်းမြတ်သောဘုံဌာနမှာ အေးချမ်းနိုင်ပါစေ။ တစ်ချိန်က သူသီချင်းတွေကို ကျနော့်ရဲ့ဖုန်းထဲကူးထည့်ပေးခဲ့တာအမှတ်ရမိတယ်” လို့ ကိုကျော်ထွန်းကပြောပါတယ်။ တေးရေး တေးဆို တိုနီ ကျော်ဒင်ကတော့ လွန်ခဲ့တဲ့ သုံးရက်ကပဲ အသည်းကင်ဆာနောက်ဆုံးအဆင့်ထိရောက်နေခဲ့တယ်။ ဆေးကုသလို့လည်း မရတော့ဘူးလို့ ပရိသတ်ကိုကြိုရင်ဖွင့်ထားသူလည်းဖြစ်ပါတယ်။ သူ့က ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ်ရှိနေပြီ။ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၈ ရပ်ကွက် ဝတ်ကျောင်းလမ်းအိမ်နံပါတ် ၅၅ ၊ ၅ လွှာမှာနေထိုင်ခဲ့ပြီး နာရေးချမယ့်ရက်ကို ပရိသတ်ကို ပြန်လည်ကြေညာပေးမယ်လို့ ဆိုပါတယ်။ တေးရေးတေးဆို တိုနီကျော်ဒင်က ၁၉၉၆ ခုနှစ်က IRON CROSS – Lynn studio ၊ Metal Zone Recording နဲ့ ကမ္ဘာလှည့်မုန်တိုင်း သီချင်းခွေ ၊ ၂၀၀၃ခုနှစ်က Max studio ၊ Heart...
◾️ ယနေ့ ရုံးပိတ် စနေနေ့တွင် ဘုရားကြီးသို့ အများပြည်သူ တစ်သိန်းကျော် လာရောက်ဖူးမြော် ၁၉. ၈. ၂၀၂၃Written by Nyein Kyaw နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်သည် မာရဝိဇယ...