နိုင်ငံတကာသတင်း
၂၂. ၈. ၂၀၂၃Translated by Htwe Ko Tun Ref—-Nation Thailand
▪️ မနက်ဖြန်တွင် ဆရက်သာ ဝန်ကြီးချုပ် ရွေးချယ်ခံရရန်သေချာသလောက်ရှိ ၂၁. ၈. ၂၀၂၃Translated by Htwe Ko Tun
၂၀.၈.၂၀၂၃Translated by Htwe Ko Tun ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် က သြဂုတ်လ ၂၂ ရက်တွင် မိမိထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း၊ဤတစ်ကြိမ်တွင် ထပ်မံရွှေ့ဆိုင်းမှု လုံးဝပြုမည်မဟုတ်ဘဲသေချာကြောင်း ပြောခဲ့ပြီးတဲ့နောက်မှာ...
၂၀. ၈. ၂၀၂၃ Written by Nay Aung အိန္ဒိယစစ်တပ်သည် မဏိပူရပြည်နယ်တွင် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးခဲ့သော အိန္ဒိယနိုင်ငံသား ၄၀၀ ကျော်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း မဏိပူရပြည်နယ် အစိုးရအဖွဲ့ကသတင်းထုတ်ပြန်လိုက်သည်။ မဏိပူရပြည်နယ်တွင် မေလ ၃ ရက်က အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီးနောက် မိုးရေးမြို့တွင် နေထိုင်သော Meitei လူမျိုးများသည် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ပြီး ပြီးခဲ့သောရက်ပိုင်းကလည်း မြန်မာနိုင်ငံဘက်ခြမ်းသို့ထွက်ပြေးခဲ့သောအိန္ဒိယနိုင်ငံသား ၂၀၀ ကျော်ကို ပြန်လည်ခေါ်ယူခဲ့ကြောင်းမဏိပူရပြည်နယ်ဝန်ကြီးချုပ် ဘီရမ်ဆင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ အိန္ဒိယနိုင်ငံသားများကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူနိုင်ခြင်းအတွက် အိန္ဒိယစစ်တပ်ကိုကျေးဇူးတင်ကြောင်း၊ပြန်လည်ခေါ်ယူခဲ့သော အိန္ဒိယနိုင်ငံသားများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးသွားမည်ဖြစ်ကြောင်းမဏိပူရပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။ မဏိပူရပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့သောရက်ပိုင်းတွင် မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့သော အိန္ဒိယနိုင်ငံသား ၂၁၂ ဦးကို ပြန်ခေါ်ယူခဲ့ကြောင်း၊ ပြန်ခေါ်ယူသူများထဲတွင် အမျိုးသား ၈၆ ဦး၊ အမျိုးသမီး ၈၉ ဦးနှင့်ကလေးငယ် ၃၇ ဦးပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါအိန္ဒိယနိုင်ငံသားများသည် မေလ ၃ ရက်တွင် မဏိပူရပြည်နယ်၌ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက်မြန်မာနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားခဲ့သူများဖြစ်ကြောင်း၊ ၎င်းတို့ကို ပြန်လည်ခေါ်ယူနိုင်ရန်အတွက် အာသံရိုင်ဖယ်တပ်ရင်းက အဓိကအခန်းကဏ္ဍကပါဝင်ခဲ့ကြောင်း၊ မဏိပူရပြည်နယ်အစိုးရကပြောသည်။ အိန္ဒိယစစ်တပ်သည် မြန်မာနိုင်ငံ တမူးမြို့မှ မဏိပူရပြည်နယ် မိုးရေးမြို့ကို ကားများဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း၊ ၎င်းတို့ကို ကူညီကယ်ဆယ်ရေးစခန်းများတွင် ခေါ်ယူထားပြီး လိုအပ်သည်များကို ကူညီပံ့ပိုးပေးထားကြောင်း မဏိပူရပြည်နယ်အစိုးရကပြောသည်။ မဏိပူရပြည်နယ်တွင် မေလ ၃ ရက်က စတင်ပြီး လူမျိုးရေးအကြမ်းဖက်မှုများစတင်ခဲ့ရာ အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးခဲ့ကြမှုကြောင့် မိုးရေးမြို့ရှိဒေသခံအချို့သည် အိမ်များ၊ ဈေးဆိုင်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။ Ref- — Imphal Free Press
၂၀.၈.၂၀၂၃Written by Pan Ei ပြီးခဲ့တဲ့ ငါးနှစ်ကျော်လောက်စပြီး အင်တာနက်ပေါ်မှာ နာမည်ကြီးလာခဲ့တဲ့ Meme များစွာရဲ့ ပိုင်ရှင် ခွေးလေး Cheems ဟာ ဩဂုတ်လ ၁၈ ရက်က...