၁၄.၈.၂၀၂၃ Written By Thandar ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် Fly Post Production Workshop ကို တက်ရောက်လိုသူတွေ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လာရောက်လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ Fly Post Production Workshop ကို တောင်ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်ရုပ်ရှင်ကော်မရှင် (Busan Film Commission ) နဲ့ Asian Film Commission...
အနုပညာသတင်း
၁၂. ၈. ၂၀၂၃ Written By Thandar ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား ခမ်းနားသိုက်မြိုက်စွာကျင်းပမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဩဂုတ် ၁၁ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမမှာ ပြောခဲ့ပါတယ်။ ယခင်နှစ်များကဲ့သို့ပင် ပြိုင်ပွဲဝင်ဘာသာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ၊ အကဲဖြတ်ပညာရှင်ကြီးတွေကသိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မျိုးဆက်သစ် ရွက်ပုန်းသီး ပြိုင်ပွဲဝင်လူငယ်မောင်မယ်တွေအင်ပြည့်အားပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆက်စပ်ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေဆွေးနွေးကြတယ်လို့ သိရပါတယ်။ ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဦးလွင်ကယခင်ပြိုင်ပွဲကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ ယခုပြိုင်ပွဲကျင်းပမည့် အစီအမံများနှင့် ဆုချီးမြှင့်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပါတယ်။ ယခင် ၂၃ ကြိမ်မြောက်ပြိုင်ပွဲက အားနည်းချက်တွေကို သင်ခန်းစာယူပြီး အားသာချက်တွေ အဖြစ်ပြောင်းလဲကာပြိုင်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ကြိုးပန်းဆောင်ရွက်ကြမယ်လို့ ပြောပါတယ်။