October 18, 2024

အနုပညာသတင်း

၂၀.၈.၂၀၂၃ Written By Thandar SAMSUNG ရဲ့ နောက်ဆုံးထွက် ဖုန်းအသစ် Galaxy Z Fold5 / Z Flip5 တို့ရဲ့ Consumer Launch Event ပွဲကိုအနုပညာရှင်တွေဖြစ်တဲ့ နေထွဋ်၊ ချာလီ၊ ဒီး တို့နဲ့အတူ မိတ်ဆက်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ Junction City Promotion...
၂၀.၈.၂၀၂၃ Written By Thandar ကချင်ပြည်နယ်က အနုပညာရှင်တွေနဲ့ မြန်မာအနုပညာရှင်တချို့ ပူး ပေါင်းပြီး လူသားချင်း စာနာထောက် ထားပြီးရိုင်းပင်းကူညီမှုတွေ အကြောင်း ပညာပေး “ကမ်းလက်များ” ဇာတ်လမ်းတိုရိုက်ကူးပုံဖော်နေလျက်ရှိပါတယ်လို့သရုပ်ဆောင် ယောသပ် Yaw Thurt က MT News ကိုပြောပါတယ်။ “ကမ်းလက်များ” ပညာပေးဇာတ် လမ်းတို ရိုက်ကွင်းကို ဩဂုတ် ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ အင်းလျားလမ်းရှိ Holy Cross မှာ  ရိုက်ကူး‌နေတာ ဖြစ်ပါတယ်။ “ ကမ်းလက်များဆိုတာက လူတွေရဲ့ဘဝမှာ တစ်ယောက်နဲ့ တစ်ယောက်ဖြစ်တည်နေတာတွေ မတူတဲ့ စာမျက်နှာတွေ၊ မတူညီတဲ့ ဘဝမျက်နှာတွေကို ပြသထားတာပါ။ မတူညီတဲ့ ဘဝစာမျက်နှာတွေကို ပညာပေးသဘောမျိုးအများကြီးဖော်ပြသွားမယ်၊ အဲဒီလိုမျိုးနဲ့ နာမည်ပေးပြီး လုပ်ဖြစ်တာပါ ”လို့သရုပ်ဆောင် ယောသပ် Yaw Thurtက ပြောပါတယ်။ အဆိုပါ ဇာတ်လမ်းကို ဒါရိုက်တာ တူးမိုင်က ဝါရင့်အနုပညာရှင် သရုပ် ဆောင် ဒေါ်လုံးတင်၊ သရုပ်ဆောင် ယောသပ် Yaw Thurt ၊ သရုပ်ဆောင် ဂျပ် (Jap) ၊ သရုပ်ဆောင် ထက်ရှိုင်းဝေ (Mister...
၁၉.၈.၂၀၂၃ Written By Thandar  တေးရေး တေးဆို တိုနီကျော်ဒင် (ခ) ဦးသန်းထိုက်ဝင်း အသက် ၆၂ နှစ်က ယနေ့ ဩဂုတ် ၁၉ ရက် နေ့လည် ၂နာရီ၅၈ မိနစ်က သူနေထိုင်တဲ့ နေအိမ်မှာပဲ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။ ” စိတ်မကောင်းပါဘူး ကိုတိုနီ ၊အဲ့လောက် မြန်မြန်ဆန်‌ဆန် ထွက်သွားရလိမ့်မယ်လို့ မထင်မိဘူး။ ကောင်းမြတ်သောဘုံဌာနမှာ အေးချမ်းနိုင်ပါစေ။ တစ်ချိန်က သူသီချင်းတွေကို ကျနော့်ရဲ့ဖုန်းထဲကူးထည့်ပေးခဲ့တာအမှတ်ရမိတယ်” လို့ ကိုကျော်ထွန်းကပြောပါတယ်။ တေးရေး‌ တေးဆို တိုနီ ကျော်ဒင်ကတော့ လွန်ခဲ့တဲ့ သုံးရက်ကပဲ အသည်းကင်ဆာနောက်ဆုံးအဆင့်ထိရောက်နေခဲ့တယ်။ ဆေးကုသလို့လည်း မရတော့ဘူးလို့ ပရိသတ်ကိုကြိုရင်ဖွင့်ထားသူလည်းဖြစ်ပါတယ်။ သူ့က ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ်ရှိနေပြီ။ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၈ ရပ်ကွက် ဝတ်ကျောင်းလမ်းအိမ်နံပါတ် ၅၅ ၊ ၅ လွှာမှာနေထိုင်ခဲ့ပြီး နာရေးချမယ့်ရက်ကို ပရိသတ်ကို ပြန်လည်ကြေညာပေးမယ်လို့ ဆိုပါတယ်။ တေးရေးတေးဆို တိုနီကျော်ဒင်က ၁၉၉၆ ခုနှစ်က IRON CROSS – Lynn studio ၊ Metal...